အပိုင်း (၇၄.၂) - သာမန်လူများနှင့် ခြားနားသော

4.6K 871 28
                                    

Unicode

အပိုင်း (၇၄.၂) - သာမန်လူများနှင့် ခြားနားသော

ခွန်အားပြည့်သွားပြီ ဖြစ်သော ဖူဝူထျန်းက အိပ်ရာထက်မှ ထကာ အဝတ်အစားကို ပြန်ဝတ်လိုက်ပြီး အခန်း အပြင်သို့ လျှောက်ထွက်သွားလေ၏။ သူ ပြန်လာချိန်တွင် ရေပူများဖြင့် ဖြည့်ထားသည့် သစ်သားစည်ပိုင်း တစ်ခု ပါလာသည်။ သူက စည်ပိုင်းကို ပုခုံးပေါ်တွင် ထမ်းတင်လာခြင်း ဖြစ်သည်။ သူ့၏ ကြီးမားလှသော ခွန်အားသည်ကား ထင်ရှားမြင်သာလှသည်။

အန်းကျီယန် ရေဘောင်ဘင်ခတ်သံကို ကြားလိုက်ချိန်တွင် အနည်းငယ် အံ့အားသင့်သွားလေသည်။

သူနှင့် ဤမျှ အကြာကြီး လူးလိမ့်ပြီး နောက်တွင်ပင် ထိုသူ့၌ ခွန်အား ကျန်ရှိသေးသည်လော။ သို့သော်လည်း သူတို့ ဒီနေ့ညတစ်ကြိမ်သာ လုပ်ဖူးကြောင်း တွေးလိုက်မိချိန်၌ စိတ်သက်သာရာရသွားသည်။ ဖူဝူထျန်း က သူ့၏ အကောင်းဆုံး အသက်အရွယ်တွင် ရောက်နေသူ ဖြစ်သည်။ သူက သန်မာပြီး ခွန်အားပြည့်သည့်အပြင် သိုင်းပညာရှင်တစ်ဦးလည်း ဖြစ်သည်မို့ သူ့၏ တောင့်ခံနိုင်စွမ်းက သာမန်လူများထက် မြင့်မားပေသည်။

အိပ်ရာခန်းဆီးများက လူးလွင့်သွားပြီး အေးစက်စက်လေပွေတစ်ချက် ဝင်တိုက်လာသည်။

အန်းကျီယန် မျက်မှောင်ကြုတ်လိုက်မိပြီး သူ့ကိုယ်ထက်သို့ စောင်ဆွဲခြုံလိုက်သည်။ နောက်တစ်ခဏတွင် သူ့ကိုယ်လေးကို ကောက်ယူ ချီမခံလိုက်ရ၏။ အန်းကျီယန် တုန်လှုပ်သွားချေသည်။

"ကျွန်တော့်ကို လွှတ်ပေး...ကျွန်တော့်ဟာ ကျွန်တော် သွားမယ်"

ဖူဝူထျန်းက လေးလေးနက်နက် ပြောလေသည်။

"အခု ဒီနေရာမှာ အပြင်လူတွေမှ မရှိတာ...ဝမ်ဖေးလေးကို တခြားလူတွေ မြင်မှာ မစိုးရိမ်နဲ့နော်"

အပြင်လူများ ရှိခြင်း မရှိခြင်းက ကိစ္စမဟုတ်ပါချေ။

အန်းကျီယန် သူ့၏ အမူအရာများကို ချုပ်တည်းလိုက်သည်။

ဖူဝူထျန်းက သူ့ကို ရေစည်ရှိရာသို့ သယ်ဆောင်သွားပြီဖြစ်သည်။ ထိုနေရာက ခြေလှမ်း ဒါဇင်အနည်းငယ်မျှသာ ဝေးပြီး ထိုသူ့၏ ခြေလှမ်းကြဲကြီးများကြောင့် ထိုအကွာအဝေးသည် ခြေလှမ်းအနည်းငယ်မျှနှင့် ရောက်ရှိသွား၏။ ထပ်မံရုန်းကန်နေ၍လည်း အကျိုးမရှိပါပေ။

ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး( Book - 2)Where stories live. Discover now