အပိုင်း (၄၇) - လယ်သမားများ

6.1K 1.2K 72
                                    

Unicode

လက်ဖက်ရည်ဆိုင် မှာ ကောက်ရိုးများဖြင့် မိုးကာထားပြီး ရိုးရှင်းလှသည်။ အမိုး၏ အောက်တွင် ခုံနှင့် စားပွဲပေါင်းများစွာ ခင်းကျင်းထား၏။ ဖြတ်သွားသည့်လူများမှာ ရေဆာတာ၊ ဗိုက်ဆာတာမျိုးရှိလာလျှင် ဤဆိုင်ငယ်တစ်ခုတည်း၌သာ နားခိုပြီး ဝမ်းရေးဖြည့်ကြရ၏။ ဤနေရာ၌ ခရီးသွားလာသည်များမှာလည်း အတော်လေးများပြားလှသည်။

လူတိုင်းမှာ ကျေကျေနပ်နပ်ကြီး စပ်စုပြီးကြချိန်တွင် သူတို့၏ အကြည့်များကို အန်းကျီယန်တို့ လူစုထံမှ ဖယ်ခွာသွားကြသည်။ ထို့နောက် လက်ဖက်ရည်ဆိုင် ထဲတွင် လူအများ၏ စကားပြောသံဆိုသံများဖြင့် ပြန်လည် ပြည့်နှက်သွားလေတော့၏။ အချိန်တိုင်းတွင် စားပွဲထိုး၏ ကျယ်လောင်လှသောအသံက စကားပြောနေကြသံတို့ကို ဖုံးလွှမ်းသွားတတ်သည်။ မကြာမီမှာပင် သူတို့၏ လက်ဖက်ရည်နှင့် မုန့်များ လာပို့လေ၏။ ဤအချိန်၌ စားပွဲထိုးက သူတို့ကို ခိုးကြည့်ဖို့ မကြိုးစားတော့ချေ။

နွေဦးအခါသမယပင် ဖြစ်လေသော်ငြား မွန်းတည့်နေက ပူနွေးလွန်းလှသည်။

အရပ်သားနှယ် ဝတ်ဆင်ထားကြသော လယ်သမားများမှာ သူတို့၏ ကလေးငယ်များနှင့်အတူ လက်ဖက်ရည်ဆိုင် အနားတွင် ရုတ်ချည်းဆိုသလို ပေါ်လာကြလေ၏။

အရွယ်ရောက်ပြီးသူများက ကြီးမားလှသည့်အိတ်ကြီးများကို သယ်ကာ လက်ဖက်ရည်ဆိုင် ဆီသို့ ကလေးများကို ဦးဆောင် ခေါ်လာကြ၏။ သူတို့၏ မျက်နှာအမူအရာမှာ မကောင်းလှပါပေ။ လက်ဖက်ရည်ဆိုင်ထဲရှိ လူများမှာ အကူအညီမဲ့ဟန်ဖြင့် အသစ်ရောက်လာသူများကို သိလိုစိတ်ပြင်းပြစွာ ကြည့်နေကြသည်။

  "ဘေးဒုက္ခတွေကတော့ နေရာတိုင်းမှာ တွေ့ကြတာပဲ။ ဒီနှစ်ထဲမှာ ပိုပိုဆိုးရွားလာတယ်"

လျှော်ထည်အဝတ်ကြမ်းကို ဝတ်ဆင်ထားသည့် လူကြီးက သူ့ခွက်ကို စားပွဲပေါ်သို့ လေးပင်စွာ ချလိုက်ချေပြီး အသံကျယ်ကြီးနှင့် ပြောလိုက်လေ၏။

စားပွဲတစ်ခုထဲရှိ အခြားလူမှာလည်း ရုတ်တရက် မေးလိုက်မိ၏။

ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး( Book - 2)Where stories live. Discover now