အပိုင်း (၄၉.၁) - သတို့သမီး မိဘအိမ် ပထမဆုံးပြန်ချိန် အကျပ်အတည်း

5.6K 1.1K 23
                                    

Unicode

ဖန်ကျန်းပင်နှင့် ကျန်းပိတို့မှာလည်း အန်းကျီယန် အိမ်ပြန်လာကြောင်း ကြားသည်နှင့် သူတိို့၏ သမီးများကိုခေါ်ကာ ချက်ချင်းဆိုသလို သွားတွေ့ကြလေ၏။

သူတို့မှာ အန်းကျီယန် ဘေးမှ လူကို တွေ့လိုက်ချိန်မှာတော့ ဝမ်ချင်းလန် ကဲ့သို့ပင် အေးစက်ခဲတောင့်သွားကြလေသည်။ အန်းကျီယန် က သူနှင့်အတူ သူစိမ်းများအား ခေါ်ဆောင်လာလိမ့်မည်ဟု ထင်မထားမိပေ။

"နောက်ဆုံးတော့ အန်းမိသားစုရဲ့ သခင်လေးက ပြန်လာဖို့ ဆန္ဒရှိသွားပြီပဲ။ ကြည့်ရတာတော့ သူက အဲ့ဒီဆွေမျိုး ဆိုတဲ့သူတွေကို တွေ့ခဲ့တယ်ထင်ပါရဲ့။ အန်းမိသားစုရဲ့ ဆွေမျိုးဆိုတဲ့သူက ဘာအလုပ်များ လုပ်ကိုင်ပါသလဲ?"

ကျန်းပိ၏ စကားလုံးများမှာ ချွန်မြမြဆူးနှယ် ထက်ရှနေ၏။ သူမက ခန်းမတခွင်ကို လှည့်ပတ်ကြည့်ပြီး ပြောလိုက်သော်ငြား အန်းယွီကျီး၏ အရိပ်အယောင် ကို မမြင်မိသည်မို့ သူမက ထိုမိန်းကလေးမှာ သူမ၏ အဆောင်ခန်းဆီ ပြန်သွားသည်ဟု တွေးလိုက်မိသည်။ သူမက အန်းကျီယန်၏ ဘေးဘက်၊ ခန်းမ၏ အဓိက ထိုင်ခုံနှစ်ခုအနက် တစ်ခုတွင် ထိုင်နေသည့် ဖူဝူထျန်းကို မြင်သည်နှင့် သူက အန်းယွီကျီး၏ ခင်ပွန်းဖြစ်လိမ့်မည်ဟု တွေးလိုက်မိလေ၏။

ထိုအချိန်၌ အန်းယွီကျီး လက်ထပ်ပွဲမှ ထွက်ပြေးသည့် သတင်းမှာ အန်းယွမ်စီရင်စုသို့ ရောက်မလာသေးပါပေ။

ရှိနေကြသည့် လူအားလုံးသိကြသည်မှာ အဆိုပါဆွေမျိုးဆိုသူသည် ဖူဝူထျန်းနှင့် သူ့မိသားစုကို ဆိုလိုခြင်း ဖြစ်ကြောင်း ကိုပင်။ သူသည်ကား အန်းယွီကျီး နှင့် လက်ထပ်ရမည့် သူ ဖြစ်၏။ နှစ်ဦးသားမှာ လက်ထပ်ပြီး ကတိသစ္စာပြုပြီးကြပြီမို့ သဘာဝကျကျပင် သူက မိသားစုဝင်ဖြစ်သွားကာ "ဆွေမျိုး" ဖြစ်သွားချေပြီ။

ဖူဝူထျန်း ကို မြင်လိုက်ရချိန်၌ အန်းချောင်နှင့် အန်းခယ့်ရှင်း တို့၏ မနာလိုဝန်တိုမှုများမှာ ပို၍ပင် ကြီးထွားလာချေတော့သည်။

ဖူဝူထျန်းတွင် ချောမောခန့်ညားလှပါသည့် မျက်နှာရှိပြီး အထင်ကြီးလောက်ဖွယ် အရှိန်အဝါကို ပိုင်ဆိုင်ထားပေ၏။ သူက သူ့ရဲ့ နောက်လိုက် ကွမ်းဆုထက် ဆွဲဆောင်နိုင်စွမ်းရှိလှသည်။ သူ့ရဲ့ ဆွဲဆောင်နိုင်စွမ်းက အထက်စီးဆန်ဆန် နှင့် သူရဲကောင်းဆန်ဆန် ပုံစံမျိုး ဖြစ်ကာ ယောကျ်ားပီသခြင်းတို့ဖြင့် ပြည့်နှက်နေပါ၏။ သူ့ရဲ့ တောင့်တင်းသန်မာလှသည့် ခန္ဓာကိုယ် ကလည်း နွေးထွေးလုံခြုံမှုအပြည့် ပေးစွမ်းနိုင်ဟန်ရသည်။ ကွမ်းဆု၏ ကောင်ချောလေး အသွင်အပြင်နှင့် နှိုင်းယှဥ်လိုက်လျှင် သူ့ရဲ့ပုံစံက အမျိုးသမီးထုကြီးကို ပိုမို ဆွဲဆောင်နိုင်ပေသည်။ အထူးသဖြင့် အိမ်ထဲကနေ ဘယ်မှ မထွက်ဖူးသော အန်းချောင်နှင့် အန်းခယ့်ရှင်းတို့အပေါ်တွင် သူ့ရဲ့ ခန့်ညားချောမောလှပါသော အသွင်အပြင်က ပို၍ပင် အကျိုးသက်ရောက်သွားပေ၏။ ထိုသူ့၏ အကြည့်တစ်ချက်နှင့်ပင် သူတို့ ချက်ချင်း မူးမေ့သွားနိုင်သည်။

ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး( Book - 2)Where stories live. Discover now