အပိုင်း (၆၃.၁) - စာရင်းစာအုပ်

3.7K 797 5
                                    

Unicode

လက်ရှိ အန်းမိသားစု အိမ်တော်၏ ခန်းမဆောင်ထဲရှိ လေထုမှာ အတော်လေး တင်းမာနေပေသည်။

အန်းကျီယန်က အဓိက ထိုင်ခုံ၌ ထိုင်နေလေ၏။ သူ့မျက်နှာထက်တွင် အေးစက်မှုများ လွှမ်းခြုံထားသည်။ ဖူဝူထျန်း က သူ့နံဘေးရှိ ထိုင်ခုံ၌ ထိုင်နေလေ၏။ သူ့၏ အမူအရာက ပို၍ပင် လွတ်လပ်ပေါ့ပါးနေဟန်ရပြီး မည်သည့် သက်ရောက်မှုကိုမှ မခံစားရဟန်ရသည်။

ဘယ်ဘက်နှင့် ညာဘက်တွင်တော့ ကျန်းပိ၊ သူမ၏သမီး၊ ဝမ်ချင်းလန် နှင့် သူမ၏ အစေခံ ချီချောင်း တို့ ရှိနေလေသည်။ ဝမ်ချင်းလန် နှင့် ချီချောင်း တို့၏ မျက်နှာထက်တွင် ပွဲကြီးပွဲကောင်း ကြည့်ရှုရန် ဝမ်းပမ်းတသာ ဖြစ်နေသည့် အမူအရာများရှိနေချေ၏။

အိမ်တော်ထိန်းဆု နှင့် သူ့သား ဆုကျီတို့သည် အလယ်၌ ရပ်နေကြလေသည်။ သားအဖနှစ်ယောက်သားသည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြ၏။

"သခင်လေး...ဒါက ကျူပ်အမှားပါ။ ဆုကျီ ကို အပြစ်မတင်ပါနဲ့ ခင်ဗျာ "

အိမ်တော်ထိန်းဆုက ခန်းမ၏ တင်းမာနေသော အ​ခြေအနေကို စတင်ချိုးဖျက်လိုက်သူ ဖြစ်သည်။ သူသာ ဒုတိယကိုယ်လုပ်တော်ကို သေချာ ဂရုတစိုက် မစောင့်ကြည့်ခဲ့ခြင်းကြောင့် မဟုတ်လျှင် ဤကိစ္စမျိုး ဖြစ်ပွားလာမည် မဟုတ်ပေ။ သခင်လေးက သူ့အား နိုးနိုးကြားကြား ရှိနေရန် ရှင်းရှင်းလင်းလင်း ပြောထားခဲ့သော်ငြား သူက လျစ်လျူရှုထားခဲ့မိသည်။ ဤသည်မှာ သူ့အမှားသာ ဖြစ်သည်။

သူ့အဖေက သူ့အပြစ်ကို အစားဝင်ခံလိုနေကြောင်း ကြားလိုက်ရသည်မို့ ဆုကျီက အလျှင်အမြန်ပင် ရှင်းပြလိုက်သည်။

"ကျွန်တော့် အဖေရဲ့ အမှားမဟုတ်ပါဘူး။ ကျွန်တော့်အပြစ်ပါခင်ဗျာ။ ကျွန်တော်သာ သတိလက်လွတ် မနေခဲ့မိရင် အခုလို..."

"ဘာမှ ထပ်မပြောနဲ့တော့ "

ကျီယန်က သူ့စကားများကို အသံတိုးတိုးဖြင့် ဖြတ်ပြောလိုက်၏။

ထိုအချိန်တွင် ကျန်းပိက သူတစ်ပါး ဒုက္ခရောက်သည်ကို ကျေနပ်နှစ်သိမ့်နေပြီး ဝင်ပြောလိုက်သည်။

ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး( Book - 2)Where stories live. Discover now