အပိုင်း (၇၈) - အန်းနန်းဆောင်

3.8K 739 12
                                    

Unicode

အပိုင်း (၇၈) - အန်းနန်းဆောင်

ချုန်းမင်ဧကရာဇ် နန်းသက် ၂၇နှစ်...ငါးလပိုင်း ၂၉ ရက်။

ချန်းပြည်နယ် အတွင်း ဖူဝူထျန်း၏ စွမ်းဆောင်မှုများကြောင့် ချုန်းမင်ဧကရာဇ်က အလွန်အမင်း ပျော်ရွှင်သွားလေသည်။ ဖူဝူထျန်း ဝမ်ဖေး၏ မိသားစုက ကျွင်းကျီမြို့ဆီသို့ ရွှေ့လာမည်ဖြစ်ကြောင်း ကြားပြီးနောက် ဧကရာဇ်က သူတို့ကို အိမ်တော်တစ်ခုပေးကာ ကိုယ်တိုင်ကိုယ်ကျ အန်းနန်းဆောင်ဟု အမည်သတ်မှတ်ပေးခဲ့လေသည်။

အန်းမိသားစုက ကျွင်းကျီမြို့သို့ ရောက်သည်နှင့် ချက်ချင်းဆိုသလို ဧကရာဇ်၏ အာရုံကို ဆွဲဆောင်နိုင်သွားသည်မို့ လူအများက မနာလိုအားကျမှုကြောင့် အစိမ်းရောင်ပင် သန်းသွားကြသည်။ ဝမ်ရယ်တစ်ပါး ကို လက်ထပ်နိုင်ခဲ့ပြီး ထိုဝမ်ရယ်က တာ့ယာပြည်၏ စစ်နတ်ဘုရား ဖြစ်နေသည်မို့ ဘာမဟုတ်သည့် မြေရှင်ငယ်လေးက ဧကရာဇ်၏ ဆွေမျိုးတော် ဖြစ်လာရသည်။ လူပေါင်းများစွာ က သူ့၏ ကံကောင်းမှုကြောင့် မနာလိုအားကျနေလေ၏။

သို့သော်လည်း ကာယကံရှင်ကမူ ထိုအတွေးကို သဘောတူဟန်မရချေ။

"ဧကရာဇ် က ခင်ဗျားရဲ့ စွမ်းဆောင်မှုတွေကို အိမ်တော်တစ်ခုလောက်နဲ့ လျှောချဖို့ ကြံစည်နေတာလား?"

အန်းကျီယန် ထိုအကြောင်းကို သိပြီးနောက် ဖူဝူထျန်းကို အလိုလို လှည့်ကြည့်လိုက်မိသည်။ အင်ပါယာ အမိန့်စာ ရောက်လာချိန်က သူသည် ကျွင်းကျီမြို့၌ အရင်က ဝယ်ထားသော ခြံဝန်းထဲ၌ ရှိနေခြင်း ဖြစ်သည်။ မူလကတော့ သူက ဤနေရာတွင် အစေခံများခန့်အပ်လိုခဲ့ပြီး အထူးသဖြင့် ဝမ်ချင်းလန်အတွက် ဖြစ်သည်။ ထိုအစား သူက သတင်းကို ကြားလိုက်ရသောကြောင့်ခြံဝန်းသို့ ချက်ချင်း ပြန်လာခဲ့ခြင်း ဖြစ်၏။

ဤသည်မှာ ဧကရာဇ် က အန်းမိသားစု ရှိ လူတိုင်းကို ဤနေရာ၌ နေစေလိုကြောင်း သွယ်ဝိုက် ပြောလိုက်ခြင်းပေလား။

သို့သော် အရေးအကြီးဆုံး အရာမှာ ချုန်းမင်ဧကရာဇ် သည် သူ့၏ အင်ပါယာသားတော်များကို သူတို့၏ လက်ထပ်ပွဲနေ့က တက်ရောက်ခြင်းမပြုစေရန် ရှင်းရှင်းလင်းလင်း အမိန့်ပေးခဲ့သည်ပင်။ ထို့နောက် ယခုတွင် သူက ဤအိမ်တော်ကို ဝမ်းသာအားရ လက်ဆောင်ပေးနေသည်။ သူ့၌ အခြားသော ရည်ရွယ်ချက်များ မရှိ ဟု ယုံရန်မှာ ခက်ခဲလှပေသည်။

ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး( Book - 2)Where stories live. Discover now