အပိုင်း (၇၃) - စစ်ကြောမေးမြန်းခြင်းနှင့် စိတ်အား ထက်သန်မှု

4.4K 974 117
                                    

Unicode

အပိုင်း (၇၃) - စစ်ကြောမေးမြန်းခြင်းနှင့် စိတ်အား ထက်သန်မှု

"ဒါက နင် ဘာကို ဆိုလိုတာလဲ? နင့်ကို ဒုက္ခပေးခဲ့တဲ့သူက ငါလို့ သံသယရှိနေတာလား?"

အန်းကျီယန် သည် သူမကို သူ့အား နှင်းတောထဲ ပစ်ထားပြီး သေစေလုနီးပါး ဖြစ်စေသူဟု သံသယဝင်နေကြောင်း နားလည်လိုက်သည်မို့ ကျန်းပိက ကြမ်းတမ်းစွာ တုန့်ပြန်လာ၏။ သူမ၏ အသံက စူးရှ ကျယ်လောင်နေပေသည်။

သူမအနေဖြင့် သူ့ကို ဒီကမ္ဘာကြီး ထဲမှ ဖြစ်နိုင်သမျှမြန်မြန် ပျောက်ကွယ်သွားစေချင်သော်ငြား အတွေးသက်သက်မျှသာ ရှိပေသည်။ သူမသည် သူ့ကို တစ်ခါမှ နာကျင်အောင် မလုပ်ခဲ့ဖူးပေ။ အန်းကျီယန် မတော်တဆ ဖြစ်သည့်နေ့က သူသည် သူ့မိဘများ သေဆုံးမှုကို လက်မခံနိုင်ဖြစ်ကာ နှင်းတောထဲ မေ့လဲသွားရသည်ဟု လူတိုင်း ထင်ထားခဲ့ကြ၏။ သို့သော် ဤသည်မှာ အခြားသူများ၏ အထင်အမြင်သာ ဖြစ်သည်။

ပထမတွင် ကျန်းပိသည်လည်း ထိုသို့ တွေးမိသော်ငြား နောက်ပိုင်းတွင် အန်းကျီယန်၏ အစေခံနှစ်ယောက် ပြောသည်ကို ကြားခဲ့ရလေသည်။ သူတို့ ပြောသည်က သူသည် အစပိုင်းတွင် အော်ဟစ် ငိုကြွေးနေခဲ့သော်လည်း တစ်မနက်လုံး ပုံမှန်ပြုမူနေထိုင်သည် ဟူ၍။ ထို့ပြင် သူက ပုံမှန်အတိုင်း အစာစားချိန်စား ရေသောက်ချိန်သောက်ကာ နှလုံးသားမဲ့သည့် သားတစ်ယောက် နှယ် ဖြစ်နေခဲ့သည်တဲ့။

ထို့နေ့က မတော်တဆ ဖြစ်ပွားချိန် နေ့လည်ခင်းတွင် အစေခံနှစ်ယောက်သည် အခြားနေရာသို့ ရုတ်ချည်း အပို့ခံလိုက်ရသည်။

အစေခံများက သူသည် အခန်းထဲ၌ ရှိမနေကြောင်း သိလိုက်ရပြီးနောက် နှင်းတောထဲ၌ လဲနေပြီး နောက်ဆုံးထွက်သက်ကို ရှိုက်နေရသော သူ့အား တွေ့လိုက်ကြရ၏။

ကျန်းပိသည်သာလျှင် ထိုအစေခံနှစ်ဦး၏ စကားများကြောင့် အန်းကျီယန်၏ သေလုနီးပါး မတော်တဆ ဖြစ်ရပ်ကို သိရှိခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ အန်းကျီယန်က အသက်ရှင်ရခြင်းကို စိတ်ဓာတ်ကျနေခြင်းကြောင့် မဟုတ်ပေ။ သို့သော် တစ်ယောက်ယောက် က အစေခံနှစ်ယောက် ကို တမင်သက်သက် အဝေးပို့၍ အန်းကျီယန် ကို ခေါ်ထုတ်ခဲ့ခြင်း ဖြစ်သည်။

ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး( Book - 2)Where stories live. Discover now