အပိုင်း (၆၇.၁) - အငြင်းပွားမှုအား စာရင်းရှင်းခြင်း

3.9K 897 18
                                    

Unicode

အပိုင်း (၆၇.၁) - အငြင်းပွားမှုအား စာရင်းရှင်းခြင်း

စစ်သည်တပ်သည် အန်းယွမ်စီရင်စု၌ အဘယ်သို့ ရှိနေနိုင်သည်နည်း။

ကျင်းကျုံးထင် နှင့် လျှိုဖေးဟုန် တို့သည် အနှီ စစ်သည်များကို တွေ့လိုက်ရချိန်၌ တုန်လှုပ်အံ့အားသင့်သွားရသည်။ သူတို့ ဤကိစ္စနှင့် ပတ်သတ်ပြီး ဘာမှ ကြားမထားခဲ့ပေ။ ပထမမင်းသားနှင့် ဝန်ကြီးချုပ်က ထိုသူတို့အား ပို့ဆောင်လိုက်သည်လား?

မဖြစ်နိုင်ပါချေ။

ပထမမင်းသား နှင့် ဝန်ကြီးချုပ် ပို့ဆောင်လိုက်ခြင်းသာ အမှန်ဖြစ်ပါက သူတို့ ကြိုတင် မသိရှိစရာအကြောင်း မရှိပေ။

သူတို့ နှစ်ယောက်သည်ကား ရုတ်တရက် ဆိုးရွားသည့် အတိတ်နိမိတ်ကို ခံစားလိုက်မိ၏။

ခေါင်းဆောင်လာသည့် စစ်သူကြီး က ရှေ့သို့ လျှောက်လာသည်။ သူ့၏ ဘေးပတ်ပတ်လည်တွင် စည်းကမ်းတင်းကြပ်ပြီး သွေးရောင်အငွေ့အသက်များ ပြည့်နှက်နေသော အော်ရာဖြင့် ဖုံးလွှမ်းထားသည်။ သူ့၏ တင်းမာ၍ အမူအရာမဲ့နေသော မျက်နှာက လူများကို ထိတ်လန့်ကြောက်ရွံ့သွားစေသည်။ သူ့ကို ကြည့်လိုက်မိသူတိုင်း သူသည် သွေးစွန်းနေသည့် စစ်သည်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိနိုင်ပေသည်။

ကျင်းကျုံးထင် နှင့် လျှိုဖေးဟုန် တို့သည် သူ့အနီးသို့ တွန်ဆုတ်စွာ လျှောက်သွားလိုက်ကြ၏။ သူတို့က စကားပြောရန် ပြင်လိုက်သော်ငြား တစ်ဖက်လူက သူတို့ကို လျစ်လျူရှုသွားပြီး သူတို့မျက်နှာနားမှ တိုက်ရိုက်ပင် ဖြတ်သန်းသွားလေသည်။

သူတို့၏ အမူအရာများမှာ တစ်ချိန်တည်းလိုလို အေးစက် တောင့်ခဲသွားလေသည်။

သူတို့နှလုံးသားထဲရှိ မလွယ်ကူသည့် ခံစားချက်က ပို၍ နက်ရှိုင်းလာပေသည်။ သူတို့ နောက်ပြန်လှည့်လိုက်ချိန်တွင် ထို သွေးအော်ရာနှင့် စစ်သူကြီးသည် ဖူဝူထျန်း ရှိရာဆီသို့ လျှောက်သွားနေသည်ကို မြင်လိုက်ရသည်။ သူက မြေပြင်ပေါ်ရှိ နှစ်ခြမ်း ပိုင်းခံထားရသော အစောင့်၏ အလောင်းကို တစ်ချက်မျှပင် ကြည့်မသွားပေ။ သူက ဒူးတစ်ဖက်ကို ချက်ချင်း ထောက်လိုက်၏။ သူ့ဆီမှ အားကောင်းလွန်းလှသည့် အရှိန်အဝါကို ထုတ်လွှတ်နေပေသည်။

ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး( Book - 2)Where stories live. Discover now