အပိုင်း (၆၁.၁) - မမြင်ရသော လွှမ်းမိုးနိုင်စွမ်း

5.4K 1K 65
                                    

Unicode

အန်းကျီယန်နှင့် ဖူဝူထျန်း တို့မှာ အိပ်ရာဆီ ပြန်သွားကြ၏။

ရှဲ့လန်နှင့် တုန်လန်တို့မှာ ရေနွေးဇလုံကို ကိုယ်စီကိုင်၍ သူတို့နောက်မှ လိုက်ပါလာသည်။ အန်းကျီယန် က ချိုးလန် နှင့် ချွန်းလန် ကို ဖူနန်းတော်တွင် ပေါက်စီလုံးလေးအား စောင့်ရှောက်ဖို့ရာအတွက် ထားရစ်ခဲ့သည်မို့ သူတို့အား အလုပ်အကျွေးပြုရန် ဤမိန်းကလေးနှစ်ယောက်ကို ခေါ်ဆောင်လာခြင်း ဖြစ်သည်။

သူတို့နှစ်ဦးမှာ သွေးရင်း ညီအစ်မများ ဖြစ်ကြ၏။ သူတို့က လျှိုမေးရှန့် ကို နှစ်အနည်းငယ်အကြာ အလုပ်အကျွေး ပြုခဲ့ကြသည်။ တခြား အစေခံများနှင့် မတူညီဘဲ သူတို့က အတင်းလည်း မပြောတတ်သလို နာခံတတ်ပြီး တာဝန်ကျေပွန်ပေသည်။

နောက်ဆုံးအကြိမ် သူ ကျွင်းကျီမြို့သို့ သွားခဲ့စဥ်က သူတို့နှစ်ယောက်ကို စုကျီအား ခစားရန် ထားခဲ့သည်။

ရေနွေးပူပူကို ချပေးလိုက်ပြီးနောက် ဘေးဘက်တွင် မျက်နှာသုတ်ပုဝါများကို ထားကာ သူတို့နှစ်ယောက်သား အပြင်ထွက်သွားကြလေသည်။

ကျီယန်က ပထမဆုံး မျက်နှာသစ်လိုက်ပြီး လက်များကို ဆေးကြောလိုက်ကာ ဖူဝူထျန်း၏ ပုဝါနှင့် သုတ်ပစ်လိုက်သည်။ ဖူဝူထျန်းက အစီအစဥ် စာရွက်ကို ဘေးချပြီး ရောက်လာချိန်တွင်တော့ သူ့၏ တွန့်ကြေနေသော ပုဝါကို ချက်ချင်း သတိထားမိလိုက်သည်။ စားပွဲပေါ်၌ လက်ဖက်ရည်ကို တည်တည်ငြိမ်ငြိမ် သောက်နေပါသော လူငယ်လေးအား သူကြည့်လိုက်မိတော့၏။

အန်းကျီယန်က သူ့အကြည့်ကို မမြင်သည့်နှယ် ဟန်ဆောင်နေလေသည်။

ဖူဝူထျန်း၏ နှုတ်ခမ်းထောင့်လေးက မထင်မှတ်ထားစွာ တွန့်ကွေးသွားသည်။ သူက ကျီယန့်၏ မျက်နှာသုတ်ပုဝါကို ယူလိုက်ပြီး ကျီယန် မျက်နှာသစ်ရန် သုံးသွားသည့် ရေဇလုံကိုသာ ထပ်သုံးလိုက်သည်။ ထို့နောက် သူ့လက်များကိုတော့ သူ့၏ပုဝါနှင့်သာ သုတ်လိုက်သည်။

ဖြစ်စဥ်တစ်ခုလုံးသည် အတိအကျ တူညီနေပြီး ပုဝါထားရှိသည့် နေရာသည်ပင် တူညီနေလေသည်။

ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး( Book - 2)Where stories live. Discover now