အပိုင်း (၅၇) - ပုန်းကွယ်နေသည့် လုပ်ကြံသတ်ဖြတ်သူ

5.4K 1.1K 103
                                    

Unicode

မျက်တောင်တစ်ခတ်အတွင်းမှာပင် အန်းကျီယန် အန်းယွမ်စီရင်စုသို့ ပြန်ရောက်လာသည်မှာ ခုနှစ်ရက် ပြည့်သွားလေပြီ။

ပုံမှန်အားဖြင့် သတို့သမီး က မိဘအိမ်ကို အလည်လာပြီးနောက်တွင် ခင်ပွန်းသည်၏ အိမ်သို့ ပြန်ရန် အချိန်ကျရောက်နေပြီ ဖြစ်သည်။ သို့သော် ဖူဝူထျန်း အပါအဝင် မည်သူကမှ ဒီကိစ္စအပေါ် မေးခွန်းမထုတ်ကြပေ။ အိမ်တော်ထိန်းဆုမှာမူ ပျော်လွန်း၍ ဘာမှ မပြောနိုင်ပေ။ သူက သခင်လေးကို အန်းမိသားစုအိမ်တော်တွင် နေစေဖို့ရာသာ ဆန္ဒရှိနေပေသည်။

ဟုတ်ပေသည်။ အန်းကျီယန် ထွက်ခွာသွားဖို့ရာကို မစောင့်ဆိုင်းနိုင်တော့သည့် အချို့သူများလည်း ရှိနေလေ၏။

ယင်းမှာ ငါးလပိုင်း တိုင်အောင် ငါးရက်မျှ ကြာညောင်းသွားချေပြီ။

တခြားနည်းဖြင့် ပြောရသော် ဖန်ကျန်းပင်တို့လူစုမှာ သူတို့၏ ကိုယ်ပိုင်ငွေများအား အသုံးပြုနေရသည်မှာ ငါးရက်ရှိသွားပြီ ဖြစ်သည်။

သူတို့လေးယောက်သားမှာ ရှားရှားပါးပါး မိသားစု ထမင်းဝိုင်းတွင် ပေါ်လာလေသည်။

ကျန်းပိက တံခါးကို ဖြတ်ကျော်လာလေပြီး သူမက ဘေး၌ ရပ်နေသည့်အစေခံများကို အောက်ခြေလွတ်နေသည့်အသံဖြင့် အော်ပြောလိုက်လေသည်။

"မင်းတို့တွေ သွားပြီးတော့ ငါ့အတွက် စားပွဲတစ်လုံး ဒီနေရာကို ယူလာခဲ့စမ်း။ ဒီနေ့ ငါရယ်၊ ကိုယ်လုပ်တော် ဖန်နဲ့ သခင်မလေးနှစ်ယောက်လုံး ဒီနေရာမှာ စားလိမ့်မယ်"

စားပွဲ ရွှေ့ပြီးချိန်တွင်တော့ သူတို့က လူများကို အပြင်ဘက်သို့ စားစရာဝယ်ရန် စေလွှတ်လိုက်၏။ ထို့နောက် သူတို့က အစားအသောက်ကို စားပွဲပေါ်ရှိ ပန်းကန်ပြားတစ်ချပ်ထဲတွင် တစ်ခါတည်း ထည့်လိုက်လေသည်။ အကြောင်းမှာ အစားအစာများကို ခွဲခြားထည့်ရန် အချိန်ကြာမည်မို့ ရောက်လာစဥ်ကကဲ့သို့ ပူနွေးတော့မည် မဟုတ်သောကြောင့် ဖြစ်သည်။ သို့သော် အစားအသောက်များမှာ အထူးကောင်းမွန်ဟန် ပေါ်နေပေသည်။ ဟင်းလျာများထဲမှ တစ်ခုမှာ အန်းယွမ်စီရင်စု၏ အထိမ်းအမှတ်ဟင်းလျာဖြစ်သော ရွှေနီဘဲကင် ဖြစ်သည်။ ဘဲကင်၏ အပြင်လွှာတစ်လျှောက်ကို ပျားရည်ချိုချိုလေးအား ခပ်ပါးပါး သုတ်လိမ်းထားပြီး အလွန်တရာ အရသာ ကောင်းမွန်လှသည်ဟု ဆိုနိုင်ပေသည်။ သို့သော် စျေးနှုန်းမှာမူ အလွန်တရာ မြင့်မားလှသည်မို့ အချို့သော လယ်သမားများသာ စားနိုင်ပေသည်။

ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး( Book - 2)Where stories live. Discover now