အပိုင်း (၇၅.၂) - ကူညီရန်

3.6K 771 16
                                    

Unicode

အပိုင်း (၇၅.၂) - ကူညီရန်

"ချန်းပြည်နယ်က ယိပင်းမြို့အတွက် ဘာတွေ ပြင်ဆင်ထားသေးလဲ?"

အန်းကျီယန်က မေးလိုက်သည်။

“ဝမ်ဖေးလေးရဲ့ စေတနာကောင်းလေးအတွက် ကျေးဇူးပဲ။ လွန်ခဲ့တဲ့ ရက်နည်းနည်းလောက်က ကိုယ့်ရဲ့ စစ်သည်တွေဆီကနေ တိုင်ကြားစာတွေ ရပြီးပါပြီ”

ဖူဝူထျန်းက သူ့ကို ရယ်ချင်ပက်ကျိဖြင့် ကြည့်လိုက်သည်။ ပထမတွင် သူ့ဝမ်ဖေးလေးက ထိုကဲ့သို့သော တောင်းဆိုချက် ကို လုပ်လိမ့်မည်ဟု မျှော်လင့်မထားမိပေ။ ဤသည်မှာ ထူးဆန်းလှသော်လည်း သေသေချာချာ တွေးကြည့်ပါက အလွန်တရာ အဓိပ္ပာယ်ရှိပေသည်။

ကျိုင်းကောင်ရောဂါများကို ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းမှာ ကျိုင်းကောင်များ၏ ရန်သူဖြစ်သော ဖားများ၊ ဖွတ်များ၊ ငှက်များ စသည်တို့ကို မွေးမြူရန် ဖြစ်သည်။ ကြက်များ ဘဲများကို မွေးမြူ၍လည်း ရပေ၏။

သို့သော်လည်း ဤသည်က ကြီးမားသည့် အစီအစဥ်ကြီး ဖြစ်သည်။

ထို့ကြောင့် ဖူဝူထျန်း က သူ့လူများကို ချန်းပြည်နယ်သို့ စေလွှတ်ကာ ပြည်သူလူထုအား ကူးညီစေခဲ့၏။ အဆင်ပြေသည့် မိသားစုများအတွက် ကြက်များ နှင့် ဘဲများ မွေးမြူရန် ကူညီပေးပြီး ဆင်းရဲ နွမ်းပါးသည့် မိသားစုများအတွက်မူ ဖားများ၊ ဖွတ်များ စသည်တို့ကို ဖမ်းဆီးရန် ကူညီပေးခဲ့သည်။

အန်းကျီယန် ပြန်မဖြေလိုက်ပေ။ ကပ်ရောဂါကို ထိန်းချုပ်ဖို့ရာအတွက် နောက်ထပ် အလားအလာရှိသော နည်းလမ်းတစ်ခု ရှိပြီး ဇီဝပိုးသတ်ဆေးကို အသုံးပြုရမည် ဖြစ်သော်ငြား ထိုနည်းလမ်းအတွက် လိုအပ်သည့် ဇီဝပစ္စည်းများက ဤဘက်ခေတ်တွင် မရှိပေ။ ကျိုင်းကောင်များကို သတ်နိုင်သည့် ဇီဝပစ္စည်းကို သူ ဖော်ထုတ်နိုင်ခဲ့လျှင်ပင် ဤနေရာရှိ အခြေအနေများက ထိုသို့သော နည်းလမ်း၏ တိုးတက်မှုကို လက်မခံနိုင်လောက်ပေ။ ထို့ကြောင့် သူ ထုတ်မပြောဘဲ နေရခြင်း ဖြစ်သည်။

သို့သော် ဤသည်မှာ အစမျှသာ ရှိသေးသည်။

ချန်းပြည်နယ်၌ မကြာခဏ ဖြစ်ပွားလျက်ရှိသော သဘာဝဘေးအန္တရာယ်များကို ပြောင်းလဲရန် နည်းလမ်းများစွာ ရှိနေပါသေးသည်။

ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး( Book - 2)Where stories live. Discover now