အပိုင်း (၄၅) - တော်ဝင်မိသားစု သဘောထား

7.2K 1.3K 97
                                    

Unicode

မနက်စာစားပြီးနောက်တွင် ဖူဝူထျန်း က ဖူလောင်ဝမ်ရယ် နှင့်အတူ စာကြည့်ခန်းသို့ သွားလေ၏။

ဘာမှ လုပ်စရာ မရှိသည်မို့ အန်းကျီယန် သူနှင့် မနက်က လိုက်ပါလာသည့် အစေခံနှစ်ဦးကို သူ့အား နန်းတော်နှင့် ရင်းနှီးအောင် လိုက်ပြစေဖို့ ဆုံးဖြတ်လိုက်သည်။ သူက ဤနေရာတွင် အချိန်အတော်ကြာ နေရမည်ဖြစ်ပြီး အနာဂတ်တွင် ထွက်ခွာသွားမည်ဆိုလျှင်ပင် လူအများအား သူ့ကို ဟာသလုပ်ခွင့်မပြုနိုင်ပါချေ။ သူက လက်ထပ်ပြီးသူ ဖြစ်သော်ငြား အန်းမိသားစု၏ ခေါင်းဆောင် ဖြစ်နေဆဲပင်။ လူအများအား သူ့ကို ပေါပေါပဲပဲ ဆက်ဆံခွင့်ပြုလိုက်ပါက အန်းမိသားစု အပေါ် အကျိုးသက်ရောက်သွားပေလိမ့်မည်။

အစေခံနှစ်ယောက်ကို ဖူဝူထျန်း က စီစဥ်ထားပေးခြင်း ဖြစ်သည်။ အန်းကျီယန် က နန်းတော်ကို လျှောက်ကြည့်ချင်ကြောင်း ကြားလိုက်ကြချိန်တွင် သူ့နောက်မှ နိုးနိုးကြားကြား လိုက်ပါသွားလိုက်ကြ၏။

ဖူဝူထျန်း၏ အစေခံများက မဆိုးလှသော်ငြား အန်းကျီယန် ကတော့ သူ့နံဘေးတွင် ချွန်းလန်နှင့် ချိုးလန် တို့ကိုသာ ထားရှိလိုနေဆဲပင် ဖြစ်သည်။ သူက သူစိမ်းများနှင့် နီးနီးကပ်ကပ် နေရသည်ကို သက်သောင့်သက်သာ မရှိလှပေ။ သူ အချိန်တစ်ခုယူကာ ဖူဝူထျန်း ကို ဤအကြောင်း ပြောဖို့ တွေးလိုက်ပြီး သူတို့ကိုလည်း နန်းတော်ဆီ ခေါ်ဆောင်ထားနိုင်လျှင်ကောင်းမည်ဟု တွေးလိုက်မိ၏။

တွေးတောရင်း လမ်းလျှောက်လာသည်မို့ မကြာမီမှာပင် စားဖိုဆောင်အနီးသို့ ရောက်ရှိသွားသည်။

အန်းကျီယန်က တစ်ချက်သာကြည့်လိုက်ပြီး ပြန်လှည့်ထွက်သွားရန် ပြင်လိုက်သော်ငြား အစေခံများ စကားစုပြောနေသည့်အသံက သူ့ဆီရောက်လို့လာ၏။ သူက စကား အစွန်းအစမျှသာ ကြားလိုက်ခြင်းဖြစ်သော်ငြား အနှီစကားများမှာ သူနှင့် ဖူဝူထျန်း တို့၏ အကြောင်းများသာ ဖြစ်ချေ၏။

"ငါတော့ ဒီလိုမျိုး ဝမ်ရယ့်ရဲ့ နူးညံ့တဲ့ပုံစံမျိုးကို တစ်ခါမှ မမြင်ဖူးဘူး။ ဝမ်ရယ်က ဝမ်ဖေးကို တကယ်ကြီး အလိုလိုက်နေတာပဲ"

ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး( Book - 2)Where stories live. Discover now