အပိုင်း (၆၄.၁) - ဖူဝူထျန်း ၏ စွမ်းအား

4.1K 754 2
                                    

Unicode

အပိုင်း (၆၄.၁) - ဖူဝူထျန်း ၏ စွမ်းအား

ကျင်းကျုံးထင် အန်းယွမ်စီရင်စုသို့ ရောက်ရှိလာသည်နှင့် စီရင်စုအောက်တရားသူကြီး ကျန့်သည် ထိတ်လန့်တုန်လှုပ်သွားရပြီး ပါးစပ်မှ အမြုပ်ထွက်မတတ် ဖြစ်သွားလေသည်။

ယုံကျိုးစီရင်စုနှင့် ဟုန်စီရင်စုတို့သည် မတူညီခြားနားသည့် နေရာနှစ်ခုဖြစ်ပြီး တစ်ခုနှင့်တစ်ခု ရောနှော ယှက်နွယ်စရာ မရှိပေ။ ယုံကျိုးစီရင်စု၏ အောက်တရားသူကြီး ကျင်းကျုံးထင် က ဟုန်စီရင်စုကို ရောက်ရှိလာခြင်းသည် အခြားမိသားစု၏ ကိစ္စများကို ကြားဝင်စွက်ဖက်ခြင်းနှင့် တူပေသည်။ သူက ထိုသို့ ပြုမူရန် မျက်နှာ အရေထူရပေမည်။ သို့သော်လည်း စီရင်စု အောက်တရားသူကြီးကျန့် မှာ အရာရှိငယ်လေးတစ်ယောက်သာ ဖြစ်သည်မို့ ကျင်းကျုံးထင် ကို ဆန့်ကျင့်နိုင်စွမ်း မရှိပေ။

ကျင်းကျုံးထင် က ဟုန်စီရင်စု၏စီရင်စုတရားသူကြီး ကို မည်သို့ ​ပြောလိုက်သည်မသိပေ။ စီရင်စုတရားသူကြီး က သူ့အား မတားမြစ်သည်သာမက သူ့၏ လူများနှင့် ရဲမက်များကိုပင် ကျင်းကျုံးထင်ကို ပေးအပ်လိုက်သေးသည်။ ယခုအခါ စီရင်စုအောက်တရားသူကြီး ကျန့်သည်ပင် ကျင်းကျုံးထင် ပြောသမျှ နားထောင်ရမည် ဖြစ်သည်။

"ခင်ပွန်း?"

ကျန့်သခင်မက အခန်းကို ပတ်လျှောက်နေသည့် အောက်တရားသူကြီး ကျန့် ကို စိုးရိမ်ပူပန်စွာ ကြည့်လိုက်သည်။ သူမက အမျိုးသမီးတစ်ယောက် ဖြစ်သည်။ အပြင်ရှိအရေးကိစ္စများအား သူမ များစွာ မသိသလို ယောကျ်ားသားများ၏ ကိစ္စများတွင်လည်း ဝင်ရောက်စွက်ဖက်ခြင်း မရှိပေ။ သို့သော် ဤသည်က သူမသည် ဘာမျှ နားမလည် ဟု မဆိုလိုချေ။

အန်းမိသားစု သခင်မှာ အန်းချန်ဖူမှ အန်းကျီယန် အဖြစ် ပြောင်းလဲသွားပြီးနောက် အန်းယွမ်စီရင်စုရှိ လူများသည် တစထက်တစ အကျိုးအမြတ် ရရှိခဲ့ကြသည်။ မိသားစုကြီး မိသားစုငယ်တိုင်းသည်လည်း အကူအညီအချို့ ရရှိခဲ့လေသည်။ အန်းမိသားစု၏ သခင်လေးကဲ့သို့ ကောင်းမွန် ကြင်နာတတ်သူသည် သေချာပေါက် ဆိုးရွားသည့် အဆုံးသတ် နှင့် မထိုက်တန်ပေ။ ထို့အပြင် အန်းမိသားစု ပျက်စီးသွားလျှင် အန်းယွမ်စီရင်စုသည်လည်း ရှုပ်ထွေးသွားရပေလိမ့်မည်။ တည်ငြိမ်စပြုနေသည့် လူများ၏ အသက်မွေးဝမ်းကြောင်းသည်လည်း ထပ်မံ ပြိုပျက်သွားပေလိမ့်မည်။

ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး( Book - 2)Where stories live. Discover now