အပိုင်း (၆၆.၁) - ခေါင်းဖြတ်ကွပ်မျက်ခြင်း

3.8K 862 12
                                    

Unicode

အပိုင်း (၆၆.၁) - ခေါင်းဖြတ်ကွပ်မျက်ခြင်း

(Warning alert - သွေးထွက်သံယိုခန်းများ ပါဝင်သည်။)

လူလေးယောက်သည် သူတို့ကို တစ်ယောက်ယောက် က ဆန့်ကျင်တားမြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားမိပေ။

အန်းမိသားစုက အဘယ်ကြောင့် ပုန်ကန်ထကြွလိုသည်ကို သူတို့ မသိကြပေ။ သို့သော် နိုင်ငံတော်ပုန်ကန်မှုသည် မိသားစုတစ်ခု၏ မျိုးဆက်ကိုးဆက်လုံးအပေါ်သို့ သက်ရောက်နိုင်ပေသည်။ မည်သူမဆို ပုန်ကန်ထကြွခြင်းဆိုသည့် စကားလုံးသည် မည်မျှထိ ရှုပ်ထွေးဂယက်ရိုက်သွားစေနိုင်ကြောင်း ကြားဖူးပေလိမ့်မည်။ မည်သူကများ ရှေ့သို့ တိုးလာပြီး တရားခံကို ကာကွယ်ပေးရဲမည်နည်း။

လူ​လေးယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိပြီး ရပ်တန့်လိုက်ကြသည်။

အနှီအမျိုးသား၏ မြင့်မားတောင့်တင်းသော ကိုယ်သည် မိုးထိမြင့်မားလှသော တောင်တစ်လုံး၏ ထိပ်ဖျားနှင့် တူသည်။ လှေကားထစ်ပေါ်၌ ရပ်နေပြီး စကားတစ်ခွန်းမှ မပြောလေဘဲ သူတို့အား အထက်စီးမှ ငုံ့မိုးကြည့်နေပေသည်။ သူ့၏ အမူအရာမဲ့ ခန့်ညားချောမောလှသည့် မျက်နှာက သူတို့ကို မမြင်နိုင်သော ဖိအားတစ်ခု ပေးစွမ်းနေလေ၏။

"မင်းတို့ အဲ့ဒီမှာ ဘာကိစ္စနဲ့ ရပ်နေကြတာလဲ?သူတို့ကို ဒီတရားသူကြီးအတွက် အမြန် ဖမ်းပေးကြစမ်း!"

လျှိုဖေးဟုန် က ထိုလူများရပ်တန့်သွားသည်ကို မြင်လိုက်သည်မို့ သည်းမခံနိုင်စွာ ရုတ်တရက် အော်​ပြောလိုက်သည်။

"ပုန်ကန်တယ်ဆိုတာက အကြီးမားဆုံး ပြစ်မှုကြီးကွ...။ ဒီလူက အန်းမိသားစု ရဲ့ သမက်ဖြစ်နေရင်တောင် မင်းတို့ သူ့ကို ဒီတရားသူကြီးအတွက် ဖမ်းဆီးပေးရမှာပဲ"

လူလေးယောက်က တရားသူကြီး၏ အမိန့်ကို အမှန်တကယ် လိုက်နာဆောင်ရွက်လိုပေသည်။ သို့သော် သူတို့ ထိုသူ၏ မျက်လုံးနှင့် ဆုံလိုက်မိချိန်တိုင်း ထိုသူ၏ ခန္ဓာကိုယ်ဆီမှ စိမ့်ထွက်နေသော ဖိအားကို ခံစားနေရသည်။ သူတို့၏ ဦးရေပြားများ စပ်ဖျဥ်းဖျဥ်း ခံစားလိုက်ရပြီး တစ်ကိုယ်လုံး သည်လည်း တောင့်ခဲနေကာ မလှုပ်ရှားနိုင်လုနီးပါး ဖြစ်သွားချေ၏။ အဘယ်ကြောင့် ဖြစ်ရသည်ကို သူတို့ပင် မသိပေ။

ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး( Book - 2)Where stories live. Discover now