အပိုင်း (၇၀.၂) - လက်ထပ်ပေးခြင်း

3.9K 868 8
                                    

Unicode

သူမ၏ သမီးက တုန့်ထိုင်းစီရင်စုမှ လင်းမိသားစုဆီသို့ လက်ထပ်တော့မည် ဖြစ်ကြောင်း သိလိုက်ရချိန်တွင် ကျန်းပိ ရူးချင်ယောင်မဆောင်နိုင်တော့ပေ။ သူမက ကျောက်စိမ်းရေစင်ခြံဝန်းမှ ပြေးထွက်သွားပြီး အကြီးအကျယ် ပြဿနာရှာတော့သည်။ သူမက အန်းခယ့်ရှင်း၏ လက်ထပ်ပွဲကို သေချာပေါက် သဘောမတူသော်ငြား သူမ၏ ထင်မြင်ချက်က အရေးပါမနေပေ။ သို့မဟုတ်ပါက အန်းခယ့်ရှင်း သူမကို တမင်သက်သက် မဆွေးနွေးဘဲ နေမည်မဟုတ်ချေ။

"အန်းကျီယန်...နင် ထွက်လာစမ်း!"

ကျန်းပိက သူမကို နောက်ကနေဆွဲထားသည့် အစေခံများကို တွန်းလွှတ်ပစ်လိုက်၏။ အစေခံများမှာ လဲကျလုနီးပါး ဖြစ်သွားကြသည်။ သူမကတော့ စာကြည့်ခန်း ရှိရာဆီသို့ ဦးတည်ပြေးသွားလေပြီ။

အစေခံများက အလျှင်စလို လိုက်ဖမ်းကြသော်ငြား ​ခြေတစ်လှမ်းနောက်ကျသွားလေသည်။

ကျန်းပိက စာကြည့်ခန်းတံခါးကို တွန်းပစ်လိုက်၏။ အိမ်တော်၏ စည်းမျဉ်းစည်းကမ်းများသည်လည်း သူမခေါင်းထဲ၌ ရှိမနေတော့ပေ။ သူမက အထဲသို့ ပြေးဝင်သွားပြီး အန်းကျီယန်ကို မြင်သည်နှင့် အော်ဟစ်လေတော့သည်။

" နင် ခယ့်ရှင်းကို တစ်ခုခု ပြောလိုက်တာလား။ မဟုတ်ရင် ခယ့်ရှင်းက ဘာလို့ တုန့်ထိုင်းစီရင်စုဆီ သွားလက်ထပ်ဖို့ သဘောတူမှာတဲ့လဲ?"

"ခင်ဗျားကို ဘယ်သူက အထဲ ဝင်ခိုင်းတာလဲ?"

အန်းကျီယန်၏ မျက်နှာက အေးစက်နေပေ၏။

ကျန်းပိ၏ အမူအရာက အေးစက်စက် အပြုံးအသွင်သို့ ပြောင်းလဲသွားသည်။ သူမက ယခု လုံးဝ မကြောက်ရွံ့တော့ပေ။ သူမ၏ သမီးက သူမကို အပြစ်တင်ပြီး တစ်ယောက်ထဲ ထားခဲ့ချင်နေသည်။ သူမ မည်သည်ကိုများ ထည့်တွက်နေရဦးမည်နည်း။

"ခယ့်ရှင်းက နင့်ကို ဘာတစ်ခုမှ မလုပ်ခဲ့ပါဘူး။ နင့်မှာ အစွမ်းအစ ရှိရင် ငါ့ဆီလာလေ...ဘာလို့ နင် ငါ့သမီးကို ပစ်မှတ်ထားနေရတာလဲ?"

အန်းကျီယန် သူ့လက်ထဲရှိ စုတ်တံကို ချလိုက်ပြီး သူမကို စိုက်ကြည့်လိုက်သည်။

ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး( Book - 2)Where stories live. Discover now