အပိုင်း (၈၂.၁) - ရက်စက်သော ပြိုင်ပွဲ

2.8K 490 0
                                    

[Unicode]

အပိုင်း (၈၂.၁) - ရက်စက်သော ပြိုင်ပွဲ

လောင်းကစားရုံ၏ အတွင်းဘက်သည် လုံးဝ ခြားနားသော ကမ္ဘာတစ်ခုအသွင်ဖြစ်သွားသည်။

အပြင်ဘက်မှ ကြည့်လျှင် အဆောက်အဦမှာ သိုသိုသိပ်သိပ်အနေအထားဖြစ်ပြီး အပြင်ပန်းပုံစံကို ကြည့်၍ တထစ်ချ သတ်မှတ်လိုက်၍ မရပေ။ အဆောက်အဦထဲသို့ ဝင်လာပြီးနောက် နေရာမှာ အတော်အတန် ကျယ်ပြန့်လှကြောင်း တွေ့ရပေသည်။

ဆူဆူညံညံနှင့် ပွက်လောရိုက်နေသော ပတ်ဝန်းကျင်က အန်းကျီယန်ကို မီးခိုးငွေ့တစ်သိုက်နှင့် ဝင်တိုက်သွားသည့်နှယ် ခံစားသွားရစေပြီး အနည်းငယ် မသက်မသာ ဖြစ်သွားရသည်။သူ မျက်မှောင်ကြုတ်လိုက်မိ၏။ ကြည့်ရသည်မှာ ဤနေရာက အပေါ်ယံမျှသာ ကောင်းမွန်ဟန် ရသည်။

ကျယ်ပြန့်လှသည့် ခန်းမကြီးမှာ သာမန်စားသောက်ဆိုင်၏ခန်းမထက် နှစ်ဆပိုမိုကြီးမားသည်။ ခန်းမထဲ၌ လောင်းကစားခုံ သုံးဆယ် ချထား၏။ ကြီးမာလှသော လူအုပ်ကြီးက စားပွဲများဘေး၌ စုပြုံနေကာ စားပွဲထိပ်ရှိ အရာများကိုသာ စူးစူးစိုက်စိုက် ကြည့်နေကြသည်။ သူတို့၏ မျက်လုံးများက အသက်မဲ့နေကာ သွေးရောင်လွှမ်းနေကြ၏။ အချို့ဆိုလျှင် ဒီနေရာ၌ မနေ့ညကတည်းက လောင်းကစားလုပ်နေကြခြင်း ဖြစ်သည်။ သူတို့က ဆေးစွဲနေသကဲ့သို့ ​ဖြစ်နေ၏။ သူတို့၌ အရာအားလုံး ဆုံးရှုံးသွားတာတောင်မှ ထွက်သွားရန် ငြင်းဆန်နေကြဆဲပင်။ သူတို့က လောင်းကစားရုံဆီမှ ပိုက်ဆံချေးကာ ဆက်လက် လောင်းကစားလုပ်ကြရင်း အတိုးပေါ် အတိုးဆင့်ကုန်ကာ သူတို့မျက်နှာထက်၌ စိတ်ပျက်မှုများသာ ခိုသီလာတော့သည်။

ဤသည်မှာ လောင်းကစားရုံ၏ သဘာဝပင်တည်း။

လူတိုင်း တစ်ညတည်းဖြင့် ချမ်းသာလိုကြသည်။ ထိုအစား သူတို့က မိသားစု၏ အနာဂတ်ကိုသာ ဆုံးရှုံးသွားကြရလေ၏။

အလျှင်အမြန် ချမ်းသာကြွယ်ဝလိုသူများရှိသညိမှာ ပုံမှန်ဖြစ်သော်ငြား သူတို့ကတော့ မိသားစုအနာဂတ်ကို ဆုံးရှုံးသွားကြရသည်။ မိသားစုများ ပျက်စီးယိုယွင်းကုန်ပြီး အိမ်ယာမဲ့သွားကြသည်က ညတွင်းချင်း သန်းချီချမ်းသာသွားသည် ထက် ပိုမို တွေ့မြင်ကြရ၏။ ဆုံးရှုံးရလွန်းသောကြောင့် ရူးသွပ်သွားရသူများလည်း ရှိပေသည်။

ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး( Book - 2)Where stories live. Discover now