အပိုင်း (၆၉.၁) - ရူးဟန်ဆောင်ခြင်း

4.3K 848 8
                                    

Unicode

အပိုင်း (၆၉.၁) - ရူးဟန်ဆောင်ခြင်း

ပိရွှေယွမ်(ကျောက်စိမ်းရေစင်ခြံဝန်း)

ကျန်းပိက ထောင့်တစ်နေရာတွင် ထိုင်၍ အသက်မဲ့နေသော အမူအရာဖြင့် ရှေ့တူရူသို့ စိုက်ကြည့်နေလေသည်။ သူမက ပေါက်ကရစကားများကို တတွတ်တွတ်ရေရွတ်နေချေ၏။ သူမ၏ ဆံပင်များက ရှုပ်ထွေးပြန့်ကျဲနေပြီး သူမ၏ မျက်နှာထက်တွင် မျက်နှာချေမှုန့်တစ်စမျှ ကပ်ညိမနေတော့ဘဲ ဖြူလျော် ဖျော့တော့နေလေသည်။ သူမကိုယ်တိုင်လည်း အနှစ်နှစ်ဆယ်မက အိုမင်းရင့်ရော်သွားဟန်ရသည်။

သူမ၏ ယခင်က လှပသိမ်မွေ့သော အသွင်အပြင်သည် အရိပ်အငွေ့မျှပင် ကျန်ရှိမနေတော့ချေ။ သူအကို ကြည့်ရသည်မှာ အရူးမတစ်ယောက်နှယ် ဖြစ်နေပေ၏။

ကျန်းပိက လှပသည့် သွင်ပြင်လက္ခဏာများနှင့် မွေးဖွားလာခဲ့သူ ဖြစ်သည်။ သူမက သူမ၏ မျက်နှာပေါ်တွင် မှီခို၍ အန်းချန်ဖူကို ဆွဲဆောင်ခဲ့သည်။ အန်းချန်ဖူ သေဆုံးသွားပြီးနောက်တွင်ပင် သူမက သူမ၏ ရုပ်ရည်သွင်ပြင်ကို ဂရုစိုက်နေဆဲ ဖြစ်၏။ အသက်သုံးဆယ်ကျော် အမျိုးသမီးတစ်ယောက်အနေဖြင့် သူမသည် ဆွဲဆောင်မှုရှိနေဆဲပင်။

သူမက စတုတ္ထကိုယ်လုပ်တော်ကဲ့သို့ပင် အလှအပကို မက်မောလှကြောင်း အန်းအိမ်တော် တစ်ခုလုံး သိရှိထားကြပေ၏။

သူမ၏ ဝမ်းနည်းဖွယ်ရာ အသွင်အပြင်ကြောင့် မည်သူကမျှ သူမ သရုပ်ဆောင်နေသည်ဟု ထင်မြင်ကြမည် မဟုတ်ပေ။ ထို့အပြင် အနှီတစ်ကြိမ်က အခြေအနေသည်လည်း အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းခဲ့သည်လေ။ အစောင့်နှစ် နှင့် ကျင်းကျုံးထင် တို့၏ သေဆုံးမှုကို မြင်လိုက်ရသည့်သူတိုင်း ညစဥ်လိုလို အိမ်မက်ဆိုး မြင်မက်နေကြဆဲ ဖြစ်သည်။ နေ့အလင်းတွင် ဖြစ်စေ ညချမ်းအခါတွင်ဖြစ်စေ သူတို့သည် ထိုခြံဝန်းထဲမှ ဖြတ်သန်းမသွားရဲကြတော့။

အန်းကျီယန်သည် လမ်းသွယ်ထက်တွင် တည်ငြိမ်သည့်အမူအရာဖြင့် ရပ်နေလေပြီး ကျန်းပိ၏ အခန်းထဲရှိ ရူးသွပ်စွာ တခစ်ခစ်ရယ်နေသော အမျိုးသမီးကို ကြည့်နေချေ၏။

ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး( Book - 2)Where stories live. Discover now