အပိုင်း (၄၈) - အန်းမိသားစုသို့ အပြန်

6K 1.2K 72
                                    

Unicode

နောက်ဆုံးတော့ နောက်တစ်နေ့တွင် အန်းယွမ်စီရင်စုသို့ သူတို့ရောက်ရှိသွားလေပြီ။

အရင်ညက သူတို့မှာ မြို့ငယ်တစ်မြို့ရှိ တည်းခိုခန်းတွင် တစ်ညတာ နားခဲ့ကြခြင်းဖြစ်သည်။ နောက်တစ်နေ့တွင် ခပ်စောစော ခရီးဆက်ထွက်လာကြသည်မို့ ခရီးလမ်းဆုံး​ဆီသို့ နာရီဝက်နှင့် ရောက်သွားလေတော့၏။ အန်းယွမ်စီရင်စုရှိ လယ်သမားများမှာ မနက်ဆို စောစောထပြီး ညဘက်ဆို နောက်ကျမှ အိပ်ကြရသည်။ သူတို့မှာ အန်းကျီယန်တို့ အဖွဲ့၏ အရိပ်အယောင်ကို မြင်လိုက်ရချိန်တွင် ကောင်းကင်မှာ အလင်းတစ်ပျမှ ယှက်သန်းမလာသေးပါပေ။

အန်းယွမ်စီရင်စု၏ တည်နေရာမှာ မဝေးကွာလှချေ။ တစ်ခါတစ်ရံ လှည်းတန်းများ ဖြတ်သွားတတ်ကြသည်ကို မြင်ရပေသည်။ သို့သော် ယင်းတို့မှာ ကုန်သည်လှည်းတန်းများ ဖြစ်ချေ၏။ ထို့ကြောင့်လည်း အလွန်တရာ ချမ်းသာ ကြွယ်ဝမနေကြပါပေ။ ထို့ကြောင့် လယ်သမားများမှာ ခမ်းနားထည်ဝါလှသည့် ဖူနန်းတော်မှ မြင်းလှည်းကို မြင်လိုက်ရချိန်တွင် လုပ်လက်စအလုပ်များကို ရပ်တန့်လိုက်မိကာ ရပ်ကြည့်နေမိကြ၏။ သူတို့က မြင်းလှည်းကို အန်းယွမ်စီရင်စု၏ လမ်းတစ်ခုထဲသို့ ဝင်သွားသည်အထိ လိုက်ကြည့်နေကြသည်။ ထို့နောက် သူတို့က တစ်ယောက်ကိုတစ်ယောက် စကားလုံးနည်းနည်းမျှ ပြောလိုက်ကြကာ လယ်အလုပ်ကို ဆက်လက်လုပ်ကိုင်လိုက်ကြ၏။

မြင်းလှည်းက မကြာမီမှာပင် အန်းအိမ်တော်ရဲ့ အဓိကတံခါးပေါက်များ ရှေ့တွင် ရပ်တန့်လိုက်ပေသည်။

ဂိတ်ပေါ်တွင် ထိုင်ကာ ငေးမောနေပါသော တံခါးစောင့်သည် တုန်လှုပ်သွားလေကာ ခုန်ဆင်းလိုက်လေ၏။ သူက မြင်းလှည်းကို စိတ်လှုပ်ရှား တုန်ယင်စွာဖြင့် ကြည့်နေမိသည်။ သူက ဤသို့ တန်ဖိုးကြီးမားလှသည့် မြင်းလှည်းမျိုးကို တစ်ခါမှ မမြင်ဖူးသလို အန်းမိသားစုတွင်လည်း ဤမျှ ကောင်းသည့် မြင်းလှည်းမျိုး မရှိပါပေ။ ထို့ကြောင့် သူက မိသားစု၏ သခင်လေး ပြန်လာခြင်းဟု ထင်မထားမိပါပေ။ ဖူဝူထျန်း က အန်းကျီယန် ကို မြင်းလှည်းပေါ်မှ ဆင်းဖို့ရာ ကူညီပေးလိုက်ချိန်မှာတော့ သူ့မေးစေ့မှာ အောက်သို့ ပြုတ်ကျသွားသလို ခံစားလိုက်ရ၏။

ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး( Book - 2)Where stories live. Discover now