အပိုင်း (၆၇.၂) - အငြင်းပွားမှုအား စာရင်းရှင်းခြင်း

3.9K 906 15
                                    

Unicode

အပိုင်း (၆၇.၂) - အငြင်းပွားမှုအား စာရင်းရှင်းခြင်း

ခြံဝန်းထဲရှိ လူအုပ်ကြီးမှာကား ငြိမ်သက်လှသည့် ညသန်းခေါင်ယံသို့ရောက်နေသည့်နှယ် အသံတိတ်နေကြပေသည်။ ဖူဝူထျန်း၏ သွေးဆာရက်စက်သည့် ဘက်ခြမ်းကို မြင်ဖူးထားသော စစ်သည်များမှ လွဲ၍ လူတိုင်းလိုလိုသည် စာရွက်တစ်ရွက်နှယ် ဖြူဆုတ်သွားကြသည်။ ထိုထဲတွင် ကျန်းပိလည်း အပါအဝင်ဖြစ်ပြီး သူမလွတ်မြောက်ရေးအတွက် ကျင်းကျုံးထင် နှင့် ပူးပေါင်းကာ အန်းကျီယန် ကို ဆွဲချရန် အသင့်ဖြစ်နေခဲ့သူ ဖြစ်သည်။ ယခုမူ သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ထုံထိုင်းသွားပြီး အသက်မဲ့သလို ခံစားလိုက်ရ၏။

သူမ၏ အကျပ်အတည်းအတွက် နည်းလမ်း ရှာတွေ့ခဲ့ပြီဟု သူမ တွေးခဲ့မိသည်။

ထိုနည်းလမ်းက သူမကို သေခြင်းတံခါးဆီသို့ အဘယ်ကြောင့် ပစ်ထည့်လိုက်လေသနည်း။

ဖူဝူထျန်း က စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် မဟုတ်ဘဲ အစစ်အမှန် ဝမ်ရယ်တစ်ပါး ဖြစ်နေသတဲ့လား?

ကျန်းပိ၏ မျက်လုံးများမှာ ချာလည်ပတ်လည် လည်သွားပြီး မူးမေ့သွားတော့၏။

ဖူဝူထျန်း က နာကျင်မှုအပြည့်နှင့် လက်မောင်းကို တောင့်ခံပြီး အဝေးသို့ တွားသွားလိုနေသည့် ကျင်းကျုံးထင် ကို ကြည့်လိုက်ရင်း သူ့ဓားကို ရုတ်တရက် ပင့်မလိုက်သည်။ ဓားသွားက နောက်တစ်ဖန် ကျဆင်းလာချိန်တွင် ကျင်းကျုံးထင် က သူ့ခေါင်းကို ရုတ်ချည်း မော့လိုက်လေ၏။

"ခဏနေပါဦး"

ဓားက လမ်းအလယ်တွင် ရပ်တန့်သွားပြီးနောက် သူက အသာမေးလိုက်သည်။

"မင်းမှာ နောက်ဆုံး အနေနဲ့ မှာစရာစကားတွေ ရှိနေသေးလို့လား?"

ဖူဝူထျန်း က သူ့ကို အလေးမထားဟန်ဖြင့် ကြည့်လိုက်သည်။ ထိုတစ်ခဏတွင် သူ့၏ လူသတ်လိုသော အရှိန်အဝါက ကောလာဟလ ထဲမှ စစ်နတ်ဘုရား နှင့် တူညီနေပေသည်။

ကျင်းကျုံးထင် က သူ့ကို ကြောက်လန့်တကြား ကြည့်လိုက်၏။

"ဝမ်ရယ် ကျုပ်ကို သတ်လို့မရဘူး"

ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး( Book - 2)Where stories live. Discover now