အပိုင်း (၇၇) - စီရင်ချက်

3.9K 796 12
                                    

Unicode

အပိုင်း (၇၇) - စီရင်ချက်

ထိုအသံကို ကြားလိုက်သည်နှင့် အန်းချန်တိနှင့်သူ့ဇနီးတို့၏ ခြေထောက်များသည် ချက်ချင်းဆိုသလို ပျော့ခွေသွားကြလေ၏။ သိပ်မကြာခင်က အန်းကျီယန်သည် ဝမ်ရယ်တစ်ပါးနှင့် လက်ထပ်ထားခြင်းဖြစ်ကြောင်း သူတို့ကြားခဲ့ရသည်။ ထို့ပြင် ဝမ်ရယ်က အန်းချန်တိ၏ နောက်ခံဖြစ်သည့် ကျင်းကျုံးထင်ကို တစ်ချက်တည်းဖြင့် သတ်ဖြတ်ခဲ့ပေ၏။

ထိုအချိန်က သူတို့နှစ်ယောက်စလုံး မယုံခဲ့ကြပေ။  သူတို့၏ ပထမဆုံး တုန့်ပြန်ပုံမှာ ထိုကိစ္စကို ကောလာဟလဟု သတ်မှတ်လိုက်ခြင်း ဖြစ်သည်။

အန်းကျီယန်က ထိုမျှ အဆင့်အတန်းမြင့်သည့် ဝမ်ရယ်ကို လက်ထပ်နိုင်လောက်အောင် မည်သို့ ကံကောင်းနိုင်ပါလိမ့်မည်နည်း။  ဖူဝူထျန်း က လူများကို အန်းအိမ်တော်၌ ဖြစ်ခဲ့သော အဖြစ်အပျက်အား ပြောခွင့်မပြုသည်မို့ မည်သူကမှ ထိုအကြောင်းကို အပြင်သို့ မပြောရဲကြပေ။ ကျင်းကျုံးထင် သေဆုံးသည့်သတင်းနှင့် လျှိုဖေးဟုန်နှင့်သူ့လူများ ခေါင်းဖြတ်ခံရသည့်သတင်းတို့ ပျံ့နှံ့လာမှသာ အန်းချန်တိနှင့် သူ့ဇနီးတို့သည် အန်းကျီယန် က ဝမ်ရယ်တစ်ပါးနှင့် လက်ထပ်လိုက်ကြောင်းကို ယုံကြည်သွားကြခြင်း ဖြစ်သည်။

ထို့နောက်တွင် လက်တုံ့ပြန်လာမည်ကို ကြောက်ရွံ့သည်မို့ သူတို့၏ မကောင်းဆိုးဝါး ရည်ရွယ်ချက်များကို ဘေးဖယ်ထားကာ အပြင်ဘက်သို့ ထပ်မထွက်ရဲကြတော့ပေ။သူတို့က အိမ်ထဲ၌သာနေပြီး နေ့တိုင်း ကြောက်ရွံ့တုန်လှုပ်နေကြကာ အန်းကျီယန်က ဝမ်ရယ့်ကို ခေါ်လာပြီး သူ့၏ အာဏာဖြင့် သူတို့ကို ခက်ခဲအောင် လုပ်လာမည်ကိုအား ကြောက်ရွံ့နေကြ၏။

အန်းကျီယန် က သူတို့ကို အရေးအရာမထားသည်ကိုအား သူတို့ မည်သို့ သိနိုင်ပါမည်နည်း။သူ့၏ စိတ်ဝိညာဥ် အသက်အရွယ်က သူငယ်နှပ်စား ဆယ်ကျော်သက်လေး မဟုတ်ပါပေ။

သို့သော်လည်း ထိုနှစ်ယောက်ကား အချိန်ခဏမျှသာ ငြိမ်ကျသွားခြင်း ဖြစ်သည်။

တစ်လပင် မပြည့်သေးမီတွင် သူတို့၏ ဆိုးညစ်သော အကြံအစည်များက တစ်စခန်း ထလာပြန်သည်။

ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး( Book - 2)Where stories live. Discover now