အပိုင်း (၆၂.၁) - တိုးတက်မှု

5.5K 1K 47
                                    

Unicode

မနက်စာ အတူ စားပြီးနောက် နှစ်ယောက်သား ခွဲခွာလိုက်ကြသည်။

အန်းကျီယန်က ဆန်ဆိုင်များဆီသို့ သွားရမည် ဖြစ်ပြီး ယမန်နေ့က အဖြစ်အပျက်အတွက် ကိစ္စဝိစ္စများ ရှင်းလင်းရန် လယ်ကွင်းများဆီသို့လည်း သွားရမည် ဖြစ်သည်။ ဖူဝူထျန်း မှာမူ မနေ့က ရေးသားခဲ့သည့် အစီအစဥ် ကို အကောင်အထည် ဖော်ရပေမည်။ ကိစ္စက ရှုပ်ထွေးပြီး ဒုက္ခများလှကာ သူ့နှင့်အတူ လူအင်အားများစွာ ပါမလာပါချေ။ ထို့ကြောင့် ဒီတစ်ခေါက်၌ သူကိုယ်တိုင်ပင် လုပ်ဆောင်ရပေမည်။

ဖူဝူထျန်း သူ့၏ ဝမ်ဖေးလေးနှင့်အတူ တံခါးဆီသို့ လျှောက်သွားလိုက်ပြီးနောက် အိမ်တော် ထဲသို့ ပြန်ဝင်လာခဲ့သည်။ သူ ထမင်းစားခန်းမရှေ့မှ ဖြတ်သွားချိန်တွင်တော့ စားပွဲနှင့် ထိုင်ခုံများ ဆွဲထုတ်သံကို ကြားလိုက်ရသည်။

"ကူရဲ့..?"

[T/N - ဇနီးသည်၏ မိသားစုဘက်မှ သားမက်ကို ခေါ်ဝေါ်သည့် အသုံးအနှုန်း]

သိပ်မဝေးသည့် နေရာ၌ ပန်းရောင်ဂါဝန်နှင့် အမျိုးသမီး အစေခံတစ်ယောက် ရပ်နေလေသည်။ သူမ၏ လက်ထဲ၌ အစားအသောက်လင်ပန်းတစ်ချပ် ကိုင်ဆောင်ထားသည်။ သူမ၏ ပါးမို့နှစ်ဖက်က စွေးစွေးနီနေကာ အနည်းငယ် အနေခက်နေဟန် ရသည်။ သူမက အန်းမိသားစု၏ သားသမက် နှင့် ဤနေရာ၌ တွေ့ဆုံရလိမ့်မည်ဟု မမျှော်လင့်ထားမိပေ။ သူမအနေဖြင့် ထိုကဲ့သို့သော ခန့်ညားချောမောလှသည့် ယောကျ်ားကို တစ်ကြိမ်မျှပင် မတွေ့ဖူးပါချေ။ သူမ သူ့ကို တစ်ချက်ကြည့်လိုက်မိတိုင်း ရှက်သွေးဖြာသွားရပေသည်။

ဖူဝူထျန်းက သူမလက်ထဲရှိ ယာဂုဆန်ပြုတ်နှင့် အသီးအရွက်ချဥ်များကို သတိထားမိသွားသည်။

"အထဲမှာ ဘယ်သူ စားနေတာလဲ?"

အစေခံက အလျှင်အမြန် ပြန်ဖြေလိုက်သည်။

"ဒါက ကိုယ်လုပ်တော်ဖန်နဲ့ အကြီးဆုံးသခင်မလေးပါရှင့်"

ကူရဲ့က သံသယဝင်မည် စိုးသောကြောင့် သူမက အလျှင်အမြန် ရှင်းပြလိုက်ပြန်သည်။

"သူတို့က ဒီနေ့ မနက်မှာ စောစောစီးစီး နိုးလာပြီးတော့ ထမင်းစားခန်းမထဲမှာ စားချင်တာကြောင့် မီးဖိုချောင်ကို သူတို့အတွက် တစ်ခုခု ချက်ပေးဖို့ ပြောခဲ့ပါတယ်...ဒါကြောင့် စားဖိုမှူးဝမ်က ကျွန်မကို သူတို့အတွက် ဒီ ယာဂုဆန်ပြုတ်နဲ့ အသီးအရွက်ချဥ်ကို ပေးခိုင်းလိုက်တာပါ"

ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး( Book - 2)Where stories live. Discover now