အပိုင်း (၅၆) - သက်သေခံ အထောက်အထား

5.2K 1.1K 34
                                    

Unicode

မကြာမီမှာပင် အန်းချန်တိ၏ဘက်မှ လှုပ်ရှားမှုရှိလာလေသည်။

ဒီတစ်ခါတွင် ချင်ရွယ်ဟော့ အပြင် လူနှစ်ယောက် အပိုပါလာသည်။ သူတို့အားလုံးမှာ ကျင်းကျုံးထင်၏ ယုံကြည်ရသော နောက်လိုက်များ ဖြစ်သည်။

စာထဲတွင် အန်းချန်တိ ရေးသားထားခဲ့သည်က သူ့အနေဖြင့် တဖက်လူမှာ စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်မျှသာ ဖြစ်သည် ဟု သေချာလှကြောင်း ပါပင်။ သို့သော် သူတို့က လုံးဝ စိတ်မအေးနိုင်သေးသည်မို့ နောက်တစ်ဖန် စုံစမ်းစစ်ဆေးရန် အဆင်သင့် ဖြစ်နေကြလေပြီ။ ကျင်းကျုံးထင်မှာ အရာရှိ ဖြစ်သော်လည်း အန်းမိသားစု ကို ချက်ချင်း အရေးယူပစ်ရန်မှာတော့ မဖြစ်နိုင်ပါပေ။

ယခုဆိုလျှင် အန်းယွမ်စီရင်စုရှိ အန်းမိသားစု၏ ဂုဏ်သတင်း မှာ စီရင်စုအောက်တရားသူကြီး ကျန်းထက် လျော့နည်းမနေတော့ချေ။

"ပြီးခဲ့တဲ့ရက်တွေတုန်းက...အန်းမိသားစု ထဲမှာ ဘာပြောင်းလဲမှုတွေ ရှိလဲ?"

ချင်ရွယ်ဟော့က တံခါးမှ ဝင်လာသည်နှင့် ဘာမပြောညာမပြော ခန်းမ၏ အဓိကထိုင်ခုံထက်တွင် ဝင်ထိုင်လိုက်သည်။ ဘာတစ်ခုမှ မှားယွင်းမနေသည့်နှယ် အိမ်၏ သခင်နေရာကို အခန့်သား ဝင်ထိုင်နေခြင်းပင်။

အန်းချန်တိ မှာ တစ်ဖက်လူ ကျေနပ်နှစ်သိမ့်ဖို့ရာအတွက် ဖားယားခြင်းဖြင့် အလုပ်ရှုပ်နေသည်မို့ ထိုအပြုအမူကို ဆန့်ကျင်လိမ့်မည် မဟုတ်ချေ။

အန်းချန်တိ က ချက်ချင်းပင် သူကြားခဲ့ရသည့်အတိုင်း တင်ပြလာလေသည်။

"ချင်တာ့ရန်...မိသားစုထဲမှာ ကြီးကြီးမားမား ပြောင်းလဲသွားတာ မရှိပါဘူး။ ပြောရမယ်ဆိုရင် တစ်ခုတည်း ရှိပါတယ်။ သိပ်မကြာခင်ကဆို အန်းယွမ်စီရင်စုက လူတွေက အန်းမိသားစုရဲ့ ဆန်စပါးတွေကို ချေးငှားလိုက်ကြတယ်။ ဒါကြောင့်မိုလို့ မနေ့က သူတို့ အပြင်ထွက်ပြီး ဆန်စပါးအမြောက်အမြားကို ဝယ်ကြတယ်"

"ငါ သိသလောက်တော့ အန်းယွမ်စီရင်စုရဲ့ တစ်ချို့ ဆန်စပါး လယ်ယာတွေက ရင့်မှည့်ကာနီးနေပါပြီ။ အခုချိန်မှာ ဆန်စပါးတွေကို အမြောက်အမြား စုဆောင်းနေရတဲ့ တခြားရည်ရွယ်ချက်များ ရှိနေမလား?"

ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး( Book - 2)Where stories live. Discover now