အပိုင်း (၆၈.၁) - တိုက်ဆိုင်မှု

4K 853 9
                                    

Unicode

အပိုင်း (၆၈.၁) - တိုက်ဆိုင်မှု

ကျွင်းကျီမြို့၊ ဝူဝမ်နန်းတော်...။

ဖူယွမ်ဝူသည် စာရင်းစာအုပ် နှင့် ပတ်သတ်၍ အလွန်အမင်း စိုးရိမ်ပူပန်နေပေသည်။ အကြောင်းမှာကား ထို စာရင်းစာအုပ် ထဲတွင် သူ့မယ်တော်ဘက်မှ တော်စပ်သော အဘိုး၏ တပည့်တစ်ဦး ပါဝင်နေသည် ဆိုသော သတင်းကြောင့်ပင် ဖြစ်သည်။ ဖုံးကွယ်ထားသော အကြံအစည်များရှိသည့် တစ်စုံတစ်ယောက် လက်ထဲသို့ ထိုစာအုပ် ရောက်သွားပါက သူ့အဘိုးအတွက် ပြဿနာကြီးတစ်ခု ဖြစ်တည်လာပေလိမ့်မည်။

တစ်ဖက်တွင်မူ သူတို့သည်သာ ဤကိစ္စကို သင့်တင့်လျောက်ပတ်စွာ အသုံးချမည်ဆိုပါက သူတို့အတွက် အကျိုးအမြတ်များစွာ ရရှိနိုင်ပေသည်။

ဆန်စပါးမြို့တော် ဆိုသည့် ဟုန်စီရင်စု၏ ဒေသအမည်သည် သာမန်ကာလျှံကာ နာမည်ပြောင်တစ်ခု မဟုတ်ပေ။ ဤသည်မှာ ဆီလျော်သင့်တော်သည့် အမည်နာမပင် ဖြစ်သည်။ ဟုန်စီရင်စုအတွင်း ပါဝင်နေမှုက အကျိုးအမြတ်များ အလျှံအပယ်ရရှိခြင်းကို ဖြစ်ပေါ်စေသည်။ ထို့ကြောင့် ဟုန်စီရင်စုကို ပစ်မှတ်ထားနေသည့် လူပေါင်းများစွာ ရှိပေသည်။ သူ့အဖိုး၏ တပည့်ဖြစ်သူ လျှိုဖေးဟုန် ပြောပုံအရဆိုလျှင် ဟုန်စီရင်စုအပေါ် မျက်စိကျနေသည့် လူအုပ်စုသက်သက်တစ်ခုပင် ရှိိသည်။ သူသည်သာ စာရင်းစာအုပ်ကို ရရှိနိုင်ပြီး စွန့်စားနိုင်မည် ဆိုပါက  ထိုသူများ၏ မောက်မာဝံ့ကြွားမှုကို ချိုးနှိမ်ပစ်ဖို့ရာအတွက် ယုံကြည်မှု အပြည့် ရှိပေ၏။ သူ ထိုလူများကို အမြစ်ပြတ် မရှင်းလင်းနိုင်လိုက်လျှင်ပင် သူတို့၏ အတောင်ပံများကို ရိုက်ချိုးနိုင်မည်မို့ အလွန်တရာ ကျေနပ်အားရစရာကောင်းပေလိမ့်မည်။

သူ့၏ တွက်ချက်မှုက အလွန်အမင်း ကောင်းမွန်လှသည်ဟု ဖူယွမ်ဝူ ခံစားမိပေသည်။ သူက သူ့၏ ခမည်းတော် ဧကရာဇ်ဆီသို့ သွား၍ပင် အင်ပါယာအမိန့်ကို တောင်းဆိုချင်နေသေး၏။

ကျင်းကျုံးထင် က အချိန်ခဏလေးအတွင်း စီရင်စုလေးဆီမှ မြေရှင်ငယ်လေး ကို ရှုံးနိမ့်သွားလိမ့်မည် နှင့် ဖူဝူထျန်း ထိုနေရာ၌ ရှိနေလိမ့်မည်ကို သူ ဘယ်တုန်းကမှ တွေးမထားခဲ့ဖူးပေ။

ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး( Book - 2)Where stories live. Discover now