အပိုင်း (၄၉.၂) - သတို့သမီး မိဘအိမ် ပထမဆုံးပြန်ချိန် အကျပ်အတည်း

5.5K 1.2K 129
                                    

Unicode

အန်းကျီယန် က သူတို့၏ မျက်နှာအမူအရာများကို မှတ်သားထားလိုက်လေ၏။

"သူမက ဘာဖြစ်လို့ လက်ထပ်ပွဲကနေ ထွက်ပြေးသွားရတာလဲတဲ့လား? အနာဂတ်မှာ သူမနဲ့တွေ့ခွင့် ရတဲ့အခါကျမှ ခင်ဗျားတို့ကိုယ်တိုင် မေးလိုက်ကြလေ။ ဒါပေမဲ့ ဒီနေရာမှာကတော့ ကျွန်တော် ကြေညာရမယ့် ကိစ္စရှိနေတယ်။ အန်းယွီကျီးက အခုချိန်ကစပြီးတော့ အန်းမိသားစုရဲ့ တတိယသခင်မလေး မဟုတ်တော့ဘူး။ နောက်ပိုင်း သူမ ဒီကို ပြန်လာခဲ့မယ် ဆိုရင်တောင် ကျွန်တော့် ခွင့်ပြုချက်မရှိဘဲနဲ့ ဘယ်သူကမှ သူမကို ဝင်ခွင့်မပြုရဘူး"

ဒီလောက်ထိ အခြေအနေဆိုးသွားတယ်?

လူတိုင်းလိုလို ကြောင်အသွားရ၏။ ပြီးတော့ အန်းယွီကျီး မှာ သူ့ရဲ့ သွေးရင်းညီမ ဖြစ်ပေသည်။ လက်ထပ်ပွဲမှ ထွက်ပြေးသည့်အတွက်နှင့်တော့ သူမကို မိသားစုမှ မောင်းထုတ်ပစ်ရန်ဆိုသည်မှာ ၊ အန်းကျီယန် ထိုမျှအထိ နှလုံးသားမဲ့သည်ဆိုသည်မှာ မဖြစ်နိုင်လောက်ပါပေ။ သွေးသားချည်နှောင်မှုကိုပင် မထောက်ထားနိုင်သည်အထိဆိုသည်မှာ ၊ သူတို့ ကျွင်းကျီမြို့၌ ရှိစဥ်အခါက ကိစ္စကြီးကြီးမားမားတစ်ခု ဖြစ်သွားသည်များလား?

"ဒါပေမဲ့...ယွီကျီးက လက်ထပ်ပွဲကနေ ထွက်ပြေးသွားတယ်ဆိုတော့ ၊ ဒီက လူကြီးမင်းက သူ့ကိုယ်သူ အန်းမိသားစုရဲ့ သားသမက်ပါ လို့ ဘယ်လိုများ ပြောရတာလဲ?"

ပါးနပ်လှသည့် ဝမ်ချင်းလန် က ချက်ချင်းဆိုသလို ဖူဝူထျန်း၏ စကားလုံးများကို သတိရသွားလေ၏။ သူတို့နှစ်ယောက်က လက်မထပ်လိုက်ရဘူးဆိုတော့ သူ့ကို ဘယ်လိုများ သားသမက် တစ်ယောက်ပါလို့ မှတ်ယူလို့ရပါဦးမလဲ? အန်းချောင် နဲ့ အန်းခယ့်ရှင်း တို့မှာလည်း မည်သူနှင့်မှ လက်မထပ်ရသေးသည်မို့ သူတို့ထဲက တစ်ယောက်လည်း မဖြစ်နိုင်ပေ။

အန်းကျီယန်၏ အမူအရာမှာ မဲမှောင်သွားရသည်။

သူက ဖူဝူထျန်း ကို စကားပြောဖို့ရာအတွက် ခွင့်မပြုလိုက်မိသင့်ချေ။

ဖူဝူထျန်းက တိုးတိမ်စွာ ပြောလိုက်၏။

"ကျုပ်က တတိယသခင်မလေး ရဲ့ ယောကျ်ားပါလို့ ဘယ်သူပြောလဲ?ပြီးတော့ အန်းမိသားစုမှာ ကလေးတစ်ယောက်ထက်မက ရှိနေတာပဲ"

ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး( Book - 2)Where stories live. Discover now