အပိုင်း (၄၄) - မနက်စာ

7.7K 1.3K 134
                                    

[Unicode]

ဖူဝူထျန်း၏ အမေက သူ့အသက် ဆယ်နှစ်သားတွင် ဆုံးပါးသွားခဲ့သည်။

သူ့အဖေ ဖူရှောင်းကတော့ အောင်မြင်မှု ရှုံးနိမ့်မှုတို့ကို အကြိမ်ကြိမ် အလီလီ တွေ့ကြုံရသည့် စစ်မြေပြင်၌သာ တစ်ဘဝလုံး ကုန်ဆုံးခဲ့ချေ၏။ ထို့ပြင် သူ့အမေသည်လည်း ထူးဆန်းလှသော အမျိုးသမီး ဖြစ်သည်။ သူမက နူးညံ့ညင်သာသည့် မိန်းကလေးမျိုး မဟုတ်ပါပေ။ အကျင့်စရိုက်မှာလည်း လေးနက်လှချေသည်။ သူမက တာ့ယာပြည်၏ ပြည်သူမဟုတ်ပါချေ။ ကောလာဟလများအရ ဖူရှောင်းက သူမကို ကွမ်းဝေအရပ်မှ ခေါ်ဆောင်လာခြင်းဖြစ်ပြီး သိပ်မကြာခင်မှာပင် လက်ထပ်ခဲ့ကြသည် ။

ဖူရှောင်းက ကွမ်းဝေအရပ်တွင် တစ်နှစ်ပတ်လုံး နေသည်မို့ သူ့ဇနီးသည်လည်း သူနှင့်အတူ ကွမ်းဝေအရပ်၌ နေ၏။ ဖူရှောင်း သေဆုံးသွားချိန်တွင် သူမက သူ့အား သွားခွင့်ပြုဖို့ရာ တွန့်ဆုတ်မနေချေ။ သူမက စကားလုံး အချို့ကိုသာ ချန်ရစ်ခဲ့လေပြီး ဖူရှောင်း နောက်သို့ လိုက်သွားလေတော့သည်။

ယင်းကိစ္စအားလုံးမှာ အန်းကျီယန် ဖူနန်းတော်သို့ လက်ထပ် မဝင်ရောက်ခဲ့မီက ကြားခဲ့ရခြင်း ဖြစ်သည်။

ယနေ့အခါတွင် ဖူဝူထျန်း နှင့် ဖူလောင်ဝမ်ရယ် သည်သာ ဖူနန်းတော်တွင် အုပ်ချုပ်ကျန်နေခဲ့သည့် နှစ်ယောက်ပင် ဖြစ်၏။ လက်ထပ်ပြီး ပထမနေ့တွင် တစ်ဖက်အကြီးအကဲများကို လက်ဖက်ရည် ဆက်သရမည်မှာ ထုံးစံပါပင်။ ဖူဝူထျန်း၏ မိဘများမှာ သက်ရှိထင်ရှားမရှိတော့သည်မို့ အလေးအမြတ်ပြုရမည့် တစ်ဦးတည်းသော အကြီးအကဲမှာ ဖူလောင်ဝမ်ရယ်သာ ဖြစ်ချေ၏။

စကြံလမ်းကို ဖြတ်လျှောက်လိုက်စဉ် သူတို့နှစ်ယောက်သားမှာ ဧည့်တွေ့ဆောင်သို့ ရောက်သွားလေပြီ။

ဖူလောင်ဝမ်ရယ် မှာ နိုးထနေပြီး ဖြစ်သည်။ ထိုအချိန်၌ သူက အဓိကထိုင်ခုံထက်တွင် ထိုင်နေကာ အစေခံ ငှဲ့ပေးသော လက်ဖက်ရည်ပူပူ ကို သုံးဆောင်နေပေ၏။ ဘာမှ မရှိသည့် ဧည့်တွေ့ဆောင်ထဲတွင် သူနှင့် သူ့အား ပြုစုပေးသည့် အစေခံတို့သာ ရှိနေလေ၏။

သူတို့ ဧည့်တွေ့ဆောင်ထဲ ဝင်လာသည်ကို မြင်လိုက်သည်နှင့် ဖူလောင်ဝမ်ရယ်က လက်ဖက်ရည်ခွက်ကို ချလိုက်လေပြီး သူတို့နှစ်ဦးကို စိုက်ကြည့်၍လာသည်။

ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး( Book - 2)Where stories live. Discover now