အပိုင်း (၅၁) - တန်ပြန်အစီအစဥ်

6K 1.2K 68
                                    

Unicode

နောက်တစ်နေ့...နေ့လည်ခင်းတွင် ။

အန်းရွှယ်ယန် အိမ်သို့ ပြန်လာချိန်တွင် သူမ၏ မိဘနှစ်ပါးမှာ ခန်းမထဲတွင် ရှိနေလေကြောင်း တွေ့လိုက်ရသည်။ ထို့အပြင် သူတို့၏ မျက်နှာအမူအရာ များမှာလည်း အလွန်တရာ ဆိုးဝါးနေကြလေ၏။ သူမ အိမ်အပြင် ခိုးထွက်သည်ကို သူတို့သိသွားသည်ဟု ထင်လိုက်မိသည်မို့ သူမ အခန်းဆီ ခိုးကြောင်ခိုးဝှက် ပြန်ရန် တွေးလိုက်မိသော်ငြား သူတို့က သူမအား သတိမထားမိကြသည်ကို တွေ့လိုက်ရသည်။

သူမ သိထားသည်က သူမ၏ မိဘများသည် လတ်တလောတွင် သူမ ဦးလေး၏သားဖြစ်သူ အန်းကျီယန်ကြောင့် စိုးရိမ်ပူပန်နေရသည်ကိုပါပင်။ အန်းကျီယန် အပေါ် သူမ ကိုယ်ပိုင် ထင်မြင်ချက်အရတော့...သူမက သူ့ကို ရွံရှာ စက်ဆုပ်ပေသည်။ သူက ရုပ်ဆိုးပြီး ဝပြဲနေသေး၏။ သွေးသားတော်စပ်နေသည့် အချက်သည်သာ သိသာထင်ရှားမနေပါက ၊ သူမအနေဖြင့် သူ့ကို ဆွေမျိုးရင်းချာ အဖြစ်ပင် မှတ်ယူမိလိမ့်မည် မဟုတ်ပေ။ အန်းရွှယ်ယန် မှာ သူမ မိဘများ၏ ဒေါသကို သူမအပေါ် ကျရောက်မလာစေလိုသည်မို့ တခြားလမ်းဖြင့် သူမအခန်းရှိရာသို့ ပြန်ရန် ဆုံးဖြတ်လိုက်ပေသည်။

သူမက လမ်းထိပ်၏ ထောင့်ချိုးသို့ ရောက်သွားသည်နှင့် ခိုးကြောင်ခိုးဝှက် ဝင်လာသော အန်းယောင်ကျုံးကို တွေ့လိုက်ရ၏။

အန်းချန်တိ နှင့်သူ့ဇနီး က ယောင်ကျုံးဆိုသည့် နာမည်ကို ပေးထားရခြင်းမှာ တစ်နေ့နေ့တွင် သူတို့၏ အကြီးဆုံးသားမှာ တစ်ခုခုတွင် ကြီးကြီးကျယ်ကျယ် အောင်မြင်လိမ့်မည်ဟု မျှော်လင့်မိသောကြောင့် ဖြစ်သည်။ သူတို့က သူ့ကို သူ့အဖေကဲ့သို့ နန်းတွင်းစာမေးပွဲများတွင် အောင်မြင်စေချင်ပြီး ဘိုးဘေးဂုဏ်ကို ဆောင်နိုင်စေချင်နေကြသည်။ ထိုအစား...သူက စာပေ မလေ့လာရုံမျှ မကသေးဘဲ ၊ လောင်းကစားလုပ်ခြင်းကိုပင် နှစ်သက်နေသေး၏။

လစဥ်လတိုင်း သူရရှိသမျှ ထောက်ပံ့ကြေးအားလုံးမှာ လောင်းကစားအိမ်များ၌ ဆုံးရှုံးသွားသည်ကို သံသယ ရှိစရာမလိုပါပေ။ သူက သူ့မိဘများ၏ နောက်ကွယ်တွင် အကြွေးများစွာပင် တင်ကျန်နေသေး၏။ အန်းရွှယ်ယန် သည်သာ ယင်းကိစ္စကို သိသူ ဖြစ်ကာ ၊ သူမ ဘာမှ မပြောရသည့် တစ်ခုတည်းသော အကြောင်းအရင်းကတော့ သူက သူမကို လာဘ်ထိုးထားသောကြောင့်ပါပင်။

ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး( Book - 2)Where stories live. Discover now