အပိုင်း (၄၁) - အတူတူအိပ်ခြင်း

33.6K 978 20
                                    

Unicode

ဝိုင်ခွက် လဲလှယ်သောက်သုံးပြီးနောက်တွင်တော့ နောက်ဆုံးနှင့် အဓိက အရေးအကြီးဆုံးဖြစ်သည့် အကြင်လင်မယားအရာ အထမြောက်ခြင်း အဆင့်သို့ ရောက်သွားလေပြီ။

အန်းကျီယန် ဒီပြဿနာများအားလုံးကို မစဥ်းစားမိပါပေ။ သူက လက်ထပ်ပွဲတွင် လူစားထိုးရုံမျှသာ ပါဝင်ခဲ့ကတည်းက ခင်ပွန်းနှင့် ဇနီးကြား ကိစ္စများ အထမြောက်ပါရန် မလိုအပ်ပါပေ။ ဒါ့အပြင် သူ့တို့နှစ်ယောက်လုံးသည် ယောကျ်ားသားများသာ ဖြစ်၏။ ထို့ကြောင့် ဖူဝူထျန်းသည်လည်း သူ့ကဲ့သို့ တွေးလိမ့်မည်ဟု မှတ်ယူထားခဲ့မိသည်။

[E T/N - အိုး...ရိုးအလိုက်တဲ့ကလေးလေး...အတွေးတွေ ချော်နေပြီ!]

ယင်းမှာ သူ ဝိုင်ခွက် မသောက်ရသေးမီက အတွေးဖြစ်သည်။

ဝိုင်သောက်ပြီးချိန်တွင်တော့ သူ့အနေဖြင့် မသေချာတော့ပါချေ။

အန်းကျီယန် ဘာမှမဖြစ်သလို ဟန်ဆောင်လိုက်ကာ အိပ်ရာ၏ အစွန်းတွင် ထိုင်လိုက်လေ၏။ ဖူဝူထျန်း က ဘာမှ မရှိတော့လေသော ခွက်ကို ချလိုက်ကာ အိပ်ရာဆီသို့ ဦးတည်လိုက်သည်။ အန်းကျီယန် က ပြောလိုက်ချေ၏။

"ကျွန်တော် ဒီည အိပ်ရာပေါ်မှာ အိပ်လိုက်မှာမို့ ဝမ်ရယ့်ကို ကြမ်းပြင်ပေါ်မှာ အိပ်ဖို့ ဒုက္ခပေးရတော့မယ်...ပြဿနာ မရှိလောက်ပါဘူးနော် ဟုတ်တယ်မလား?"

"ဒီမှာပဲ အိပ်မှာ!"

ဖူဝူထျန်းက သူလိုချင်သည့်အဖြေကို မပေးဘဲ အန်းကျီယန်၏ မျှော်လင့်ချက်ကို ရိုက်ချိုးလိုက်လေပြီး သူ့ကို တည့်တည့်မတ်မတ် စိုက်ကြည့်လာ၏။

"ဝမ်ဖေးလေး...ကိုယ်တို့က အကြင်လင်မယား ဖြစ်နေကြပြီလေ"

"အခုရော နောက်ရော လုံးဝပဲ"

အန်းကျီယန် က တည်တည်ငြိမ်ငြိမ်ပဲ ပြန်ပက်သည်။

ဖူဝူထျန်း၏ နှုတ်ခမ်းက အနည်းငယ် တွန့်ကွေးသွားလေ၏။

"ဒါပေမဲ့လည်း ဒီနေ့ကစပြီး ကိုယ်တို့က အမြဲတမ်း အကြင်လင်မယားတွေ ဖြစ်သွားတော့မှာလေ"

စက္ကန့်ပိုင်းအတွင်းမှာပင် အန်းကျီယန်၏ မျက်နှာမှာ မပျော်မရွှင် ဖြစ်သွားဟန်တို့ ပေါ်ထွက်လာသည်။ သူက ဖူဝူထျန်း ကို ချက်ချင်းပင် ထထိုးမိတော့မလို ကဲ့သို့ လက်သီးကို ကျစ်နေအောင် ဆုပ်လိုက်ချေ၏။

ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး( Book - 2)Where stories live. Discover now