အပိုင်း ( 1778 ) အနက်ရောင်ဝတ်လူရဲ့ အင်အား

123 16 0
                                    

အပိုင်း ( 1778 ) အနက်ရောင်ဝတ်လူရဲ့ အင်အား။

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"
နင်ကျန်းလီကို တစ်ချက်တည်းနဲ့ ရိုက်ထုတ်လိုက်တာ မြင်ရပြီးနောက် ချူးယွန်ရဲ့ မျက်လုံးတွေမှာ မယုံနိုင်မှုတွေ ပေါ်လာခဲ့ပါတယ်။ သူ အံ့ဩသွားခဲ့ပါပြီ။

ဒီအနက်ရောင်ဝတ်လူက ဘုရင်မရဲ့ မိစ္ဆာစိတ်ဖြစ်ရင်တောင် ဒီလောက်ထိ အစွမ်းထက်နေဖို့ ဖြစ်နိုင်ပါ့မလား။

မယုံနိုင်စရာပဲ။

ဒီလူက ဘယ်လောက်တောင် အားကောင်းနေတာလဲ။

ကျူဝမ်လေးဆယ့်ကိုးခုလား။

ကျူဝမ်ငါးဆယ်လား။

အနက်ရောင်ဝတ်လူက လှောင်ပြောင်ကာ လက်ကိုမြှောက်ပြီး ချူးယွန်ကို လှမ်းဆွဲလိုက်ပါတယ်။

သူ့ရဲ့လက်က မိုးနဲ့မြေကို ဖုံးလွှမ်းနိုင်သလို ရုတ်တရက် ရှည်ထွက်လာခဲ့ပါပြီ။ ကောင်းကင်ကြီးက အမှောင်ကျသွားပါတော့တယ်။ ဒီလက်ဝါးကြီးအောက်မှာ ဘယ်သူမှ ဆန့်ကျင်လို့မရပါဘူး။ လက်ဝါးက မကျရောက်သေးရင်တောင် ဖိအားသက်သက်က လူတွေကို လိပ်ပြာလွင့်မတတ် ကြောက်ရွံ့စေနိုင်ပါတယ်။

"ဟင်"
ချူးယွန်လည်း သူ့ခန္ဓာကိုယ်က မလှုပ်ရှားနိုင်တော့တာကို သိလိုက်ရပါတယ်။ ကြောက်စရာကောင်းတဲ့ ဒီဖိအားအောက်မှာ လှုပ်တောင် မလှုပ်နိုင်တော့ပါဘူး။

ပြိုင်ဘက်က အားလှိုင်းတွေကို ရည်ရွယ်ချက်ရှိရှိ ထုတ်ဖော်မထားပေမဲ့ သူ့ကို တုန်လှုပ်ချောက်ချားစေပါတယ်။

သူ ဘယ်လောက်ထိ သန်မာတယ်ဆိုတာ ဖော်ပြဖို့ မဖြစ်နိုင်ပါဘူး။

အတိုချုပ်ပြောရရင် ပထမဆုံးအကြိမ် ချူးယွန် နိမ့်ကျသလို ခံစားလိုက်ရပါတယ်။

ဒါက ရှန်တုမူနဲ့ ရှန်တုပီကို ရင်ဆိုင်ခဲ့ချိန်ကနဲ့ အတူတူပါပဲ။

မဖြစ်နိုင်ဘူး။

မိစ္ဆာစိတ်က ဘယ်လိုလုပ်ပြီး ဒီလောက်အားကောင်းနိုင်မှာလဲ။

"ငရဲနက်မိစ္ဆာဓား၊ ဝိညာဉ်သော့တစ်ထောင်သိုင်း"
နင်ကျန်းလီက ပြန်ထလာပြီးနောက် အံကြိတ်ကာ ချူးယွန်အရှေ့ကို ခုန်ဝင်လိုက်ပါတယ်။ ငရဲနက်မိစ္ဆာဓားကနေ အဆုံးမဲ့ ဓားအလင်းတစ်ခု ပေါ်ထွက်လာပြီး လက်ဝါးကြီးကို တွန်းလှန်လိုက်ပါပြီ။ ဒါက တစ်ဖက်လူရဲ့ လက်ဝါးကို ရှေ့မတိုးနိုင်အောင် တားဆီးလိုက်ပါတယ်။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၅ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၅Where stories live. Discover now