အပိုင်း ( 1803 ) ယောက်က္ခမက တကယ်ရက်ရောတာပဲ

127 12 0
                                    

အပိုင်း ( 1803 )

နဂါးစီးသူက အားလုံးကို တစ်ချက်ဝေ့ကြည့်လိုက်ပါတယ်။ သူက လျစ်လျူရှုစွာ ပြောလိုက်တယ်။
"ဒါကြောင့် အားလုံးကို လက်တွဲဖို့ ဖိတ်ခေါ်ချင်ပါတယ်။ သူတို့ရဲ့ နယ်ပယ်က တိုးတက်နိုင်တယ်ဆိုရင် ငါတို့လည်း သဘာဝအတိုင်း လုပ်နိုင်တယ်။ ငါတို့ လိုအပ်တာက အချိန်ပဲ။ မင်းတို့သာ ငါတို့ အဆုံးမဲ့ကြယ်ကောင်းကင်ကို ကူညီပေးဖို့ ဆန္ဒရှိသရွေ့ငါကလည်း သိနားလည်ထားတာတွေကို ပြန်လည်မျှဝေပေးနိုင်တယ်။ မင်းတို့နဲ့ ထိုက်တန်တဲ့ တိုးတက်မှုကို ရလိမ့်မယ်"

ဒီစကားတွေက ဘီလူးကြီး‌တွေအတွက် အလွန်ဆွဲဆောင်မှုရှိပါတယ်။

အဆင့်တက်နိုင်မဲ့နည်းလမ်းကို ပြောပြမှာလား။

ဟုတ်တာပေါ့။

ဒါဆိုရင် ငါတို့မစောင့်နိုင်တော့ဘူး။

"ကိုယ့်လူမျိုးမဟုတ်တဲ့ သူတွေအတွက်တော့ နှလုံးသားချင်း မတူညီနိုင်ဘူး။ ငါတို့အချင်းချင်း တိုက်ခိုက်ရင်တောင် အကျိုးအမြတ် ရယူချင်ရုံထက် မပိုဘူး။ ဘယ်သူပဲ အသာစီးရပါစေ အဆိုးဆုံးအခြေအနေကို မရောက်ဘူး။ ဒါပေမယ့် ယောက်ကျူး အနိုင်ရခဲ့ရင် ငါတို့ တကယ်ပဲ အဆုံးသတ်လိမ့်မယ်။ အတိတ်မှာ နတ်ဆိုးမျိုးနွယ်က ဘယ်လောက်ထိ ရက်စက်ခဲ့တယ်ဆိုတာ မင်းတို့ သိမှာပါ။ သူတို့က ပြင်ပမိစ္ဆာတွေထက် ပိုဆိုးတယ်"
အရက်မူးဓားအင်မော်တယ်က ပြောလိုက်ပါတယ်။

အခု အရက်မူးဓားအင်မော်တယ်ကတ်က ကျန်းချန်ဆီမှာပါ။

သူက တန်းချုံကျန်းဆီကနေ အမြင့်မားဆုံး တန်ကြေးပေးပြီး ရှန်ကျိုးအမိုးခုံးကို ရောက်လာတာဆိုရင် မှားမယ်မဟုတ်ပါဘူး။

အခြားဘီလူးကြီးတွေလည်း တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ခေါင်းညိတ်လိုက်ပါတယ်။

သူတို့ထဲက တစ်ဦးဦး အနိုင်ရခဲ့တယ်ဆိုရင် လူမျိုးတုံး သတ်ဖြတ်မှုတွေ ဖြစ်မယ်မဟုတ်ပါ။

ဒါပေမဲ့ ယောက်ကျူးက အဆုံးမဲ့ကြယ်ကောင်းကင်ကို သိမ်းပိုက်ပြီးရင် အခြားသူတွေကို လွှတ်ထားမှာလား။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၅ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၅Where stories live. Discover now