အပိုင်း ( 1834 )ငါ့နောက်ကွယ်မှာ ငါချောကြောင်း တစ်ယောက်ယောက်က ပြောနေပုံရတယ်

129 11 0
                                    

အပိုင်း ( 1834 )

တချို့က အစားအသောက်နဲ့ အရက်တွေကို ပြင်ဆင်ထားကြပြီးသားပါ။

ချူးယွန်လည်း သူ့ရှေ့က ညီနောင်တွေကို ကြည့်လိုက်ပါတယ်။ သူတို့အားလုံးက တိုင်ဂန်တိုက်ကြီးကစပြီး ချူးယွန်နဲ့အတူ လိုက်ပါလာခဲ့ကြသူတွေပါ။ ဒါကြောင့် သူတို့ကြားမှ ခံစားချက်က အလွန်နက်ရှိုင်းခဲ့ပါတယ်။

အခုလို အားလုံး ပြန်လည်ဆုံစည်းခံခဲ့ချိန်မှာတော့ ရင်ထဲက ခံစားချက်တွေ ပြည့်နှက်လာခဲ့ကြပါပြီ။

သုံးခွက်သောက်လိုက်ပေမဲ့လည်း ချူးယွန်ရဲ့စိတ်က ကြည်လင်နေဆဲပါ။ သူ့အဆင့်မှာတော့ တော်ရုံအရက်လောက်နဲ့ မူးဖို့ဆိုတာ မလွယ်တော့ပါဘူး။

မူတုက ရယ်မောပြီးတော့ ပြောလိုက်ပါတယ်။
"ချူးယွန်၊ ငါတို့ကို ပြောစရာသတင်းရှိတယ်မဟုတ်လား။ ဘာဖြစ်လို့လဲ... ပြောလေ။ ငါတို့အားလုံး အဆင်သင့်ဖြစ်နေပါပြီ။ ဘာကိစ္စပဲဖြစ်ဖြစ် ငါတို့ လက်ခံနိုင်ရည်ရှိလိမ့်မယ်"

ချူးယွန်က ခဏစဉ်းစားပြီးနောက် ခေါင်းခါယမ်းလိုက်ပါတယ်။ သူက ပြုံးပြီးတော့ ပြောလိုက်တယ်။
"ဘာမှမဖြစ်ပါဘူး၊ အသေးအမွှားကိစ္စလေးတွေကို ငါ့ဘာသာပဲလုပ်လိုက်မယ်"

မူတုနဲ့ မဟာပညာရှိတို့ကို ပြောပြလိုက်ရင်တောင် အသုံးဝင်မှာမဟုတ်ပါဘူး။

သူတို့ရဲ့ လက်ရှိအဆင့်အရ သူ့ကို ကူညီနိုင်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် သူပြောပြလိုက်ရင်တောင် စိတ်မသက်မသာ ဖြစ်စေတာအပြင် အခြား ဘာမှမရှိဘူး။

အခြားသူတွေရဲ့အမြင်မှာ ကိုယ်က ခြံထဲက မွေးမြူရေးသတ္တဝါတွေလို ဖြစ်နေမယ်ဆိုရင်...

ဒီလို အကျိုးဆက်တွေကို လူအနည်းစုလောက်ပဲ လက်ခံနိုင်လိမ့်မယ်။

ဒါကြောင့်ပဲ ချူးယွန်က ပြောမပြတော့တာပါ။ ဒါပေမဲ့ ချန်းပိနင်းကိုတော့ အပျက်အယွင်းတွေရှာဖွေဖို့ ပြောထားခဲ့ပါတယ်။

မဟုတ်ရင် ကပ်‌ဘေး သတ္တမအဖြတ်ကို ရောက်သွားရင်တောင် သိပ်ပြီး အသုံးဝင်မှာမဟုတ်ပါဘူး။ အခြား လောကတစ်ခုကိုလည်း မြင်တွေ့နိုင်မယ် မဟုတ်ပါ။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၅ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၅Where stories live. Discover now