အပိုင်း ( 1786 ) လက်ရှိနယ်ပယ်ကို ဖြတ်ကျော်နိုင်သရွေ့ အရာအားလုံးက ထိုက်တန်တယ်

114 12 0
                                    

အပိုင်း ( 1786 )

ကျာ့မူထျဲက မုန်တိုင်းတိုက်သလို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပေမဲ့ ထိုလူကလည်း အနည်းငယ်မှ နောက်မဆုတ်ပါဘူး။ နောက်ဆုံးမှာတော့ သူက လူသားမျိုးနွယ်ရဲ့ ဘီလူးကြီးတစ်ယောက် ဖြစ်သေးတာကြောင့် နတ်ဆိုးမျိုးနွယ်ရဲ့ ထိပ်တန်းတည်ရှိမှုတစ်ခုကို ရင်ဆိုင်ရရင်တောင် အားနည်းချက် မဖြစ်နိုင်ပါ။

လက်ရှိ ကျာ့မူထျဲက ဥပမာပါပဲ။ သူက နတ်ဆိုးမျိုးနွယ်ရဲ့ ဘီလူးကြီးတစ်ယောက်ဖြစ်ပေမဲ့ ဒီလူကို တိုက်ခိုက်တဲ့အခါ အားသာချက် အနည်းငယ်တောင် မရယူနိုင်ခဲ့ပါဘူး။

အဲဒီလူက အကြွင်းမဲ့ အားသာချက်ရှိပြီး အဆက်မပြတ် ထိုးနှက် တိုက်ခိုက်မှုတွေနဲ့ ကျာ့မူထျဲကို ခုခံရ ခက်ခဲစေပါတယ်။ အထူးသဖြင့် သူ့လက်သီးတွေက ကြယ်ကြွေသလိုမျိုး ဟင်းလင်းပြင်ကို ဖြတ်သန်းသွားကာ ကြောက်စရာစွမ်းအားတွေနဲ့ ပေါက်ကွဲထွက်လာခဲ့တာပါ။
 
လူငယ်လေးက လက်နှစ်ဖက်ကို နောက်ပစ်ပြီး တိုက်ပွဲကို ကြည့်နေခဲ့ပါတယ်။

သူ့ရဲ့ နှုတ်ခမ်းတွေကတော့ အပြုံးတစ်ခုလို တွန့်ကွေးနေလို့ပါ။

တကယ်တော့ သူဟာ ရည်မှန်းချက်ကြီးမားပြီး  ကြီးမားတဲ့ ကိစ္စကြီးကို လုပ်မှာဖြစ်လို့ လူပိုပြီးတော့ လိုပါတယ်။ ရိုးရိုးလေး ပြောရမယ်ဆိုရင်တော့ သူဟာ နတ်ဆိုးချပ်ပြားကို အဆုံးမဲ့ကြယ်ကောင်းကင်ရဲ့ အုပ်ချုပ်သူ ဖြစ်လာစေချင်ခဲ့တာပါ။
 
ဟုတ်ပါတယ်၊ လူတိုင်းက သူ အသိအမှတ်ပြုရလောက်အောင် အရည်အချင်းမရှိပါဘူး။

ဒီလူအတွက်ကတော့...

ကျာ့မူထျဲကို အနိုင်ယူနိုင်ရင်တောင် မင်းမှာ ငါနဲ့ ပူးပေါင်းဖို့ စဦးအရည်အချင်းရှိတယ်လို့ပဲ ယူဆရမယ်။

‌တိုက်ကွက်တစ်ထောင်လောက် ရင်ဆိုင်ပြီးနောက် အဲဒီလူရဲ့ မျက်လုံးတွေက စူးရှလာပါတယ်။  သူ ဟိန်းဟောက်လိုက်ပါပြီ။ သူ့ရဲ့ လက်ဝါးက သာမန်မျက်စိနဲ့ မြင်နိုင်တဲ့ အမြန်နှုန်းနဲ့ ကြီးမားကျယ်ပြန့်လာပါတော့တယ်။ သူ့လက်ဝါးက အလွန်ကြီးမားပြီး ကမ္ဘာ့ဧရိယာတစ်ခုလုံးကို လွှမ်းမိုးချင်နေသလိုပါပဲ။

ငါ့လက်ကနေ ပုန်းအောင်းချင်တာလား။

မဖြစ်နိုင်ဘူး။

ကျာ့မူထျဲရဲ့ မျက်လုံးတွေက ခပ်ပြင်းပြင်း ကျဉ်းမြောင်းသွားပါတယ်။ တစ်ဖက်လူရဲ့ ရုတ်တရက် ပေါက်ကွဲမှုကို ကြိုတင်မျှော်လင့်ထားပေမဲ့ ခုခံဖို့နည်းလမ်းကို ရှာမတွေ့ခဲ့ပါဘူး။ ဒါကြောင့် သူ့လက်နှစ်ဖက်နဲ့ မိုးပေါ်ကိုမြှောက်ကာ ဆီးကြိုထမ်းပိုးလိုက်ပါတယ်။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၅ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၅Where stories live. Discover now