အပိုင်း ( 1843 ) ကပ်ဘေး ခုနစ်ခု

98 7 0
                                    

အပိုင်း ( 1843 )

ဒါက ဘယ်လိုနည်းလမ်းမျိုးလဲ၊ တကယ်ကို မယုံနိုင်စရာပဲ"
မူပုလီ အနားကိုပြန်လျှောက်လာပြီးနောက် အသက်ပြင်းပြင်းရှူကာ ပြောလိုက်တယ်။ သူ မယုံနိုင်သေးပါဘူး။ အရင်က လက်ရည်ညီမျှနေရာ‌ကနေ ဒီနည်းလမ်းကို ထုတ်သုံးလိုက်တာနဲ့ ဘာဖြစ်လို့ရှုံးသွားရတာလဲ။

ဒါက ဘယ်လိုနည်းလမ်းလဲ။

ဘာဖြစ်လို့ ဒီလောက်အစွမ်းထက်တာလဲ။

ချူးမူကျစ်က ပြုံးပြီးပြောလိုက်တယ်။
"ဒါက ရှေးဦးမှော်နည်းလမ်းလို့ ခေါ်တယ်၊ ငါ့အဖေသင်ပေးထားတာ။ ဒါက အရမ်းအစွမ်းထက်တယ်တဲ့၊ အဆုံးမဲ့ ကြယ်ကောင်းကင်အောက်မှာ အစွမ်းထက်ဆုံး သိုင်းပညာထဲက တစ်ခုလို့ပြောတယ်"

"ဒီလိုကိုး"
ဒါကိုကြားမှ မူပုလီ နားလည်သွားပါတယ်။ တချိန်တည်းမှာပဲ စိတ်လှုပ်ရှားသွားပြီးတော့ အသံတိုးတိုးနဲ့ ပြောလိုက်တယ်။
"ဒါဆိုရင် ငါ့ကို ဒီရှေးဟောင်းမှော်နည်းလမ်း သင်ပေးလို့ရမလား။ ဒါက တကယ်ကို အားကောင်းတယ်။ ငါ့အဖေက ငါ့ကို ဒီလောက် အစွမ်းထက်တဲ့နည်းလမ်းမျိုး တစ်ခါမှ မသင်ပေးဖူးဘူး"

"မင်း သင်ချင်လို့လား"
ချူးမူကျစ်က ရုတ်တရက် ပြုံးလိုက်ပါတယ်။
"မင်းလိုချင်ရင် သင်ယူနိုင်ပါတယ်၊ ဒါပေမဲ့ မင်းငါ့ကို အစ်ကိုကြီးလို့ အသိအမှတ်မပြုရမယ်။ အကိုကြီးတစ်ယောက်အနေနဲ့ ဒီနည်းလမ်း မင်းကို ငါသင်ပေးမယ်"

မူပုလီရဲ့မျက်နှာက ရှုံ့မဲ့သွားပါတယ်။ သူက တစ်ဖက်လူထက် အသက်အများကြီးကြီးတာကြောင့် အစ်ကိုကြီးအဖြစ် အမှန်တကယ် အသိအမှတ်မပြုချင်ပါဘူး။ တကယ်လို့ ဒီလိုဖြန့်လိုက်ရင် ဘယ်လောက်ရှက်စရာကောင်းလိုက်မလဲ။

ချူးမူကျစ်က လေးလေးနက်နက်ကြည့်ပြီး ခပ်တည်တည် ပြောလိုက်ပါတယ်။
"ဒါက ဘာမှားလို့လဲ။ မင်းအဖေနဲ့ငါ့အဖေက ညီအကိုတွေပဲလေ၊ ငါတို့လည်း ညီအစ်ကိုကောင်းတွေ ဖြစ်နိုင်တယ်။ ငါ့အသက်အရွယ်အရ မင်းထက်ငယ်ပေမယ့် ငါက မင်းထက်သန်မာတယ်။ နောက်ပြီးတော့ မင်းက ငါ့ဆီက တစ်ခုခု လိုချင်နေတာလေ၊ အဲဒါကြောင့် ငါ့ကို အစ်ကိုကြီးလို့ အသိအမှတ်ပြုတာက ဘာမှားလို့လဲ။ အခြေအနေမရှိဘဲနဲ့တော့ ဒီရှေးဟောင်း မှော်နည်းလမ်းကို မင်းကို သင်မပေးနိုင်ပါဘူး"

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၅ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၅Where stories live. Discover now