အပိုင်း ( 1785 ) သစ္စာဖောက်ကောင်ရဲ့ ခိုလှုံရာ

118 13 0
                                    

အပိုင်း ( 1785 ) သစ္စာဖောက်ကောင်ရဲ့ ခိုလှုံရာ။

"ဟူး..."
တိုင်ဂန်စစ်ကမ္ဘာက လူတိုင်း အသက်ပြင်းပြင်းရှူလိုက်ကြပါတယ်။

ကြီးမားတဲ့ ဖိအားအောက်ကို ရောက်သွားပြီးနောက် သူတို့အတွက် အသက်ရှုဖို့တောင် မလွယ်ခဲ့ပါဘူး။

တန်းချုံကျန်းရဲ့ လှံချက်အောက်မှာ စာလုံးတွေက တိုက်ရိုက်ကွဲသွားခဲ့ပါတယ်။

ဒါက လူသားမျိုးနွယ်ရဲ့ အရှက်တရားကို လုံးဝ ချေဖျက်ခဲ့တာပါ။

ဟုတ်ပါတယ်၊ ဒါက အခြားသူတွေရဲ့ အတွေးသက်သက်ပါ။

တန်းချုံကျန်းရဲ့ စိတ်အတွေးမဟုတ်ပါဘူး။

အကြောင်းကတော့ ဒီတိုက်ခိုက်မှုကနေ အကြောင်းအရာ အတော်များများကို သူ သတိပြုခဲ့မိလို့ပါပဲ။

ဒီစာလုံးလေးတွေက မျက်နှာမဲ့ရဲ့လက်ကို ဘယ်လိုလုပ်ပြီး ပေါက်ကွဲစေနိုင်တာလဲ။

သူ့ဆီမှာ ပါဝင်နေတဲ့ အရှိန်အဝါကလည်း တကယ်ကို ကြောက်စရာကောင်းလွန်းတယ်၊ ဒါက သူ့ကိုတောင် တုန်လှုပ်စေနိုင်ပါတယ်။

ဒါက ဘယ်သူရေးလိုက်တာလဲ။

ဘာဖြစ်လို့ ဒီလောက်ထိ အားကောင်းရတာလဲ။

နတ်ဆိုးမျိုးနွယ်က ဘယ်အချိန်ကစပြီး ဒီလောက်ထိ အားကောင်းတာလဲ။

"သခင်၊ ငါ တကယ် အသုံးမကျပါဘူး"
မျက်နှာမဲ့က ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ဟန်နဲ့ ပြောလိုက်ပါတယ်။

ဒီလိုအသေးအဖွဲကိစ္စလေး‌ကိုတောင် မကိုင်တွယ်နိုင်ဘဲ တန်းချုံကျန်း ဝင်ပါခဲ့ရတယ်။

ဒါကြောင့် စိတ်ထဲမှာ သူ့ကိုယ်သူ အပြစ်တင်နေခဲ့မိပါတယ်။

"ဒါက မင်းအပြစ်မဟုတ်ပါဘူး၊ သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းက ငါ့ထက်တောင် ပိုအားကောင်းပုံရတယ်။ ဒါကြောင့် မင်း မရတာ သာမန်ပါပဲ"
တန်းချုံကျန်းက မျက်နှာမဲ့ရဲ့ ပခုံးကိုပုတ်ပြီး ပြောလိုက်ပါတယ်။ ဒါက မျှော်လင့်ထားတာထက် ပိုခဲ့တာကြောင့် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စရာ မလိုပါဘူး။

"သခင်ထက် သာလွန်တာလား"
မျက်နှာမဲ့ရဲ့ မျက်ခုံးတွေက ကျုံ့သွားခဲ့ပါတယ်။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၅ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၅Where stories live. Discover now