အပိုင်း ( 1848 ) ဒါက သူ့အစီအစဉ်ပါပဲ

87 4 0
                                    

အပိုင်း ( 1848 )

အစ်ကိုချန်က ချူးယွန်ကို တစ်ချက်မကြည့်ဘဲ ရှေ့မှ လျှောက်သွားခဲ့ပါတယ်။
"ဒီတစ်ခေါက် ငါတို့ရဲ့ ရည်မှန်းချက်က ချီဟန်သစ်တောပဲ၊ ဒါကြောင့် လူတိုင်း သတိထားရမယ်"

အစ်ကိုချန်ရဲ့စကားကို ကြားရပြီးနောက် ကြေးစားတွေဟာ ပိုပြီး စိတ်လှုပ်ရှားလာခဲ့ပါတယ်။ ချီဟန်သစ်တောဆိုတာ အစွမ်းထက် သားရဲကြီးတွေရှိပြီး အတော်နာမည်ကြီးတဲ့ သစ်တောတစ်ခုပါ။ အဲဒီမှာ အားအနည်းဆုံးက လူသားအင်မော်တယ် ဒုတိယအဆင့်ဖြစ်ပြီး တတိယအဆင့်တွေလည်း အလွန်များပါတယ်။ သေချာတာကတော့ ဒါဟာ အလွန် အန္တရာယ်များတဲ့ ခရီးကြမ်းတစ်ခုပါ။

"အန်၊ လူသားအင်မော်တယ် ဒုတိယအဆင့်က ဒီကို ဘာဖြစ်လို့ ပါလာခဲ့တာလဲ"
တစ်စုံတစ်ယောက်က အဖွဲ့နောက်ပိုင်းမှ ချူးယွန်ကို သတိပြုမိကာ ရယ်မောလိုက်ပါတယ်။
"ဒီအဆင့် ခွန်အားနဲ့ ငါတို့အဖွဲ့ကို ဘာလာလုပ်နေတာလဲ။ မင်းတော့ သေတော့မှာပဲ။ အခြား အဖွဲ့တွေကို မင်းသွားသင့်တယ်၊ ငါတို့ကြေးစားအဖွဲ့မှာ အားနည်းတဲ့သူတွေက အသက်မရှည်တတ်ဘူး"

ချူးယွန်ကတော့ ပြုံးရုံပြုံးပြီး ဘာမှမပြောပါ။

အချိန်တန်ရင် အရာအားလုံးကို သိလိမ့်မယ်။

အစ်ကိုချန်က ချူးယွန်ကို တစ်ချက်ကြည့်ပြီးနောက် ပြုံးကာ ပြောလိုက်တယ်။
"သူက ငါ့အဖွဲ့ထဲကို အတင်းဝင်ချင်နေတာလေ၊ ငါးစာအဖြစ် သုံးရင်တောင်မှ ကိစ္စမရှိဘူးတဲ့။ ဒီကောင်လေးက ဆန္ဒအတော်ပြင်းပြနေတာကြောင့် ငါခေါ်လာခဲ့တာ၊ အချိန်တန်ရင် သူနဲ့မြှားပြီး နတ်ဆိုးသားရဲတွေကို အစွမ်းကုန်သတ်ကြမယ်"

ဒါကိုကြားတော့ အခြား ကြေးစားတွေက ရယ်မောလိုက်ပါတယ်။

ဒီလိုအတွေးမျိုးရှိတာလား။

တစ်စုံတစ်ယောက်က ကိုယ့်ကိုယ့်ကိုယ် ငါးစာ အဖြစ်ခံချင်တာလား။

တစ်နာရီကြာပြီးနောက်တွင်၊ အစ်ကိုချန် ဦးဆောင်တဲ့ ကြေးစားအဖွဲ့ဟာ ချီဟန်သစ်တောကို ရောက်လာခဲ့ပါတယ်။ အတွင်းပိုင်းကနေ သားရဲ ဟိန်းဟောက်သံတွေလည်း ရံဖန်ရံခါ ကြားနေရပါသေးတယ်။

"ကောင်လေး၊ နင် အဆင်ပြေရဲ့လား။ နင် ဘောင်းဘီထဲကို သေးပါကျနေဦးမယ်နော်"
ရုတ်တရက် အသံတစ်ခု ပေါ်လာခဲ့ပါတယ်။ ဒါက လှပပေမဲ့ စိတ်ဓာတ်မာကျောတဲ့ ခပ်ကြမ်းကြမ်း မိန်းမတစ်ယောက်ပါ။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၅ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၅Where stories live. Discover now