အပိုင်း ( 1790 ) ငါက ကံကြမ္မာကို ဆန့်ကျင်ပြီး ကြယ်လေးပွင့်ကောင်းကင်ကိုကြည့်နေတာ

104 11 0
                                    

အပိုင်း ( 1790 )

တန်းလီလည်း ဒီ ရုတ်တရက်ဆန်တဲ့ တန်ပြန်မှုကြောင့် အရှိုက်ကို ခပ်ပြင်းပြင်းထိုးခံရသလို ပြင်းထန်တဲ့ နာကျင်မှုကိုခံစားရပြီး သွေးတစ်ပွက် အန်ထုတ်လိုက်ရပါတော့တယ်။

သူ့ရဲ့ သိုင်းဝိညာဉ် ပျက်ဆီးသွားခဲ့ပြီ။

ဟုတ်ပါတယ်၊ ဒီ သိုင်းဝိညာဉ် ပျက်ဆီးသွားတာက သိုင်းဝိဥာဉ်ရဲ့ အရင်းအမြစ်ကို ဖြိုခွဲတာမဟုတ်ဘဲ ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့ရုံပါ။ အလွန်ဆုံး လဝက်အတွင်းမှာပဲ ပြန်လည် ကောင်းမွန်လာပါလိမ့်မယ်။

ဒါပေမဲ့လည်း ဒါဟာ တန်းလီရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို ပြင်းပြင်းထန်ထန် ထိုးနှက်ခဲ့ပါတယ်။

ပြိုင်ဘက်ရဲ့နယ်ပယ်က ကျူဝမ်ငါးဆယ်မှာပဲ ရှိနေတယ်ဆိုတာ အသိသာကြီးပါ။ ဒါပေမဲ့ စစ်မှန်တဲ့ တိုက်ခိုက်နိုင်စွမ်းက သူ့ထက် ဘာကြောင့် အများကြီး ပိုအားကောင်းနေတာလဲ။

လုံးဝ နားမလည်နိုင်တော့ပါဘူး။

တိုက်ကွက် တစ်ခုတည်းနဲ့ သူ့ကို ပြင်းပြင်းထန်ထန် ထိုးနှက်ခဲ့တယ်။ အဆုံးမဲ့ကြယ်ကောင်းကင်ရဲ့ နံပါတ်တစ်ပုဂ္ဂိုလ်ဖြစ်တဲ့ တန်းချုံကျန်းတောင်မှ ဒီလို မလုပ်နိုင်ပါဘူး။

ဒီတိုက်ခိုက်နိုင်စွမ်းက သူတို့ရဲ့ အသိအမြင်အားလုံးကို လုံးဝ ကျော်လွန်သွားခဲ့ပါပြီ။

တန်းလီလည်း ခြေလှမ်းပေါင်းများစွာ ဆက်တိုက် ဆုတ်သွားခဲ့ပါတယ်။ သူ့ရဲ့မျက်လုံးမှာ မသေချာမှုတွေ ပြည့်သွားခဲ့ပါပြီ။

အခု ငါ ဘယ်လိုလုပ်ပြီး ဆက်လက် တိုက်ခိုက်ရမှာလဲ။

"မင်းက ငါတို့ကို စိန်ခေါ်ခဲ့တဲ့ နတ်ဆိုးမျိုးနွယ်ရဲ့ ဘီလူးကြီးလား"
တန်းလီက ရုတ်တရက် တစ်ခုခုကို တွေးမိဟန်နဲ့ အော်ဟစ်လိုက်ပါတယ်။

မျက်နှာမဲ့က သူ့ထက် အများကြီးအားမနည်းပေမဲ့ သူလည်း တစ်ချက်တည်းနဲ့ လက်ပြတ်သွားရပါသေးတယ်။ ဒါကိုကြည့်ရင် ဒီကောင်က အရမ်း ကြောက်စရာကောင်းတယ်။

"ဟုတ်တယ်၊ အဲဒါက ငါပဲ"
လူငယ်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပါတယ်။ တန်းလီရဲ့ ကြောက်ရွံ့မှုက သူ့ကို ကျေနပ်သွားစေတယ်။

တန်းလီလည်း မျက်လုံးတွေကျဉ်းမြောင်းသွားကာ ချူးယွန်ကိုခေါ်ပြီး ထွက်ပြေးဖို့ တွေးလိုက်ပါတယ်။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၅ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၅Where stories live. Discover now