အပိုင်း ( 1829 )ငါက တစ်ကိုယ်တော်လေလွင့်သူပဲလေ

125 12 0
                                    

အပိုင်း ( 1829 )

သုံးလကြာပြီးနောက်...

တန်းချုံကျန်းရဲ့ ခန္ဓာကိုယ်မှ အားကောင်းတဲ့ အရှိန်အဝါတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဇရာရဲ့ အရေးအကြောင်းတွေကလည်း သာမန်မျက်စိနဲ့ မြင်နိုင်တဲ့အမြန်နှုန်းနဲ့ ကွယ်ပျောက်လာခဲ့ကြပါပြီ။ အထူးသဖြင့် သူ့ရဲ့ မျက်လုံးအစုံဟာ အိုမင်းမှု အရိပ်အမြွက်တို့ မရှိတော့ဘဲ အလွန် နက်ရှိုင်းကာ စူးရှလာခဲ့ကြပါတယ်။

အခုဆိုရင် သူက ခါးမကိုင်းတော့ဘဲ အင်အားသစ်တွေ ပြည့်နေခဲ့ပါပြီ။

"ဟူး"
အသက်ပြင်းပြင်းရှူပြီးနောက် တန်းချုံကျန်းက ပြောလိုက်တယ်။
"ချူးယွန်၊ ငါ့နယ်ပယ်က တကယ်တိုးတက်သွားပြီ။ ဒါတွေအားလုံးအတွက် ငါမင်းကို တကယ်ကျေးဇူးတင်ပါတယ်၊ မဟုတ်ရင် ငါ သိပ်ပြီးကြာကြာ ထိန်းထားနိုင်မှာ မဟုတ်ဘူး"

ချူးယွန်က စိတ်ထဲမထားဟန်နဲ့ လက်ကိုဝှေ့ယမ်းလိုက်ပါတယ်။

"အဲဒီအချိန်က ယောက္ခသာ ကိုယ့်အသက်ဓာတ်ကို လောင်ကျွမ်းခံပြီး မကြိုးစားခဲ့ရင် ကျွန်တော်တောင်မှ သူ့ကို သတ်နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ဒီကောင်းမှုတွေဟာ ယောက္ခမနဲ့လည်း ခွဲထားလို့မရဘူး"

"ဒါက ပြောစရာမလိုပါဘူး။ ငါ့ရဲ့ ရပ်တည်ချက်အတိုင်း ငါ့ရဲ့လူတွေ မထိခိုက်စေဖို့ မဆိုင်းမတွရွေးချယ်သွားမှာ။ နောက်ပြီးတော့ အဲဒီအချိန်က ငါတို့မှာ ရွေးချယ်စရာလည်း မရှိခဲ့ဘူးလေ"
တန်းချုံကျန်းက ပြောလိုက်တယ်။ ဒီအခိုက်မှာ သူက နဂါးစီးသူတစ်ယောက်ရဲ့ ဟန်ပန်တွေ ပြန်လည်ရရှိလာခဲ့သလိုပါပဲ။

"ချူးယွန်၊ အခု မင်းက ဖီးနစ်ဧကရာဇ်စစ်ကမ္ဘာတစ်ခုလုံးကို ထိန်းချုပ်နိုင်နေပြီ။ အခု မင်းမှာ ကန့်သတ်ချက်တွေကို ဖြည်ထုတ်တာအပြင် အခြား ဘာလုပ်နိုင်သေးလဲ။ ရှေးကတည်းက တည်ရှိခဲ့တဲ့ စည်းမျဉ်းတွေကို ပြန်ပြီးပြင်နိုင်မလား"
တန်းချုံကျန်းက သိလိုစိတ်နဲ့ မေးလိုက်တယ်။

ဒါကတော့ တောင်းဆိုနေတာ မဟုတ်ပါ။ သူက ချူးယွန်ရဲ့ လုပ်ဆောင်နိုင်စွမ်းကို သိချင်ရုံပါပဲ။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၅ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၅Where stories live. Discover now