အပိုင်း ( 1781 ) နှစ်သုံးဆယ်

124 18 0
                                    

အပိုင်း ( 1781 ) နှစ်သုံးဆယ်။

ချူးယွန်က ဇူးဖူစီကို ချူးကမ္ဘာထဲ ပို့ထားလိုက်ပါတယ်။

မျှော်စင်ဝိညာဉ်က နင်ကျန်းလီရဲ့ ခန္ဓာကိုယ်မှာ ပေါင်းစပ်သွားတာကြောင့် သန့်စင်ခြင်းလမ်းကိုးပါးမျှော်စင်မှာ လက်နက်ဝိညာဉ်တော့ မရှိတော့ပါဘူး။ ဒါပေမဲ့ သူ့ရဲ့ အကျိုးသက်ရောက်မှုက မပြောင်းလဲသေးဘဲ အားကောင်းနေဆဲပါ။

ချူးကမ္ဘာက တည်ငြိမ်နေဆဲဖြစ်ကာ တကယ့်ကမ္ဘာငယ်နဲ့ လုံးဝ မခြားနားပါဘူး။

နင်ကျန်းလီက ချူးကမ္ဘာထဲမှ အရာတွေကို လုံးဝ ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။

ချူးယွန်ကတော့ သန့်စင်ခြင်းလမ်းကိုးပါးမျှော်စင်ကို ထိန်းချုပ်ထားတာပါ။

အပြင်ကို ပြန်ထွက်လာပြီးနောက် တဖြည်းဖြည်း ယိုယွင်းလာတဲ့ တီအန်တာအိုဂိုဏ်းကိုကြဘါ်ကယ ချူးယွန်လည်း သက်ပြင်းချလိုက်မိပါတယ်။ ဒါက သူ ပထမဆုံး ခြေလှမ်းစခဲ့ရတဲ့‌ နေရာတစ်ခုပါ။ ဒါက သူ့နှလုံးသားထဲမှာ မစွန့်လွှတ်နိုင်သေးပါဘူး။

သေချာစဉ်းစားပြီးနောက်၊ ချူးယွန်ဟာ ဒီနေရာကို လက်မလျှော့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဂိုဏ်းချုပ် သေဆုံးသွားပြီဆိုပေမဲ့ ရဲရွှမ်ရဲ့ ဆန္ဒတွေ ရှိနေဆဲပါ။

ဒီနေရာမှာ သူရည်ညွှန်းတာက ကောင်းကင်တာအို လူဝင်စား မဟုတ်ပါဘူး။ ရိုးရှင်းတဲ့ မိန်းကလေး ရဲရွှမ်ကိုပါ။

"ဂိုဏ်းချုပ်၊ မင်းက တီအန်တာအိုဂိုဏ်းကို ပိုပြီး သန်မာစေချင်မှတော့ ငါ ကူညီပေးပါရစေ"

ချူးယွန်လည်း ရေရွတ်ပြီး ချူးကလန်ကို ပြန်သွားခဲ့ပါတယ်။

မိသားစုနဲ့ ထမင်းလက်ဆုံ စားသောက်ပြီးနောက် ချူးယွန်က ပြောလိုက်တယ်။
"အဖေ၊ အဖေ တီအန်တာအိုဂိုဏ်းကိုပါ ပေါင်းစည်းပေးနိုင်မလား။ ဘာပဲဖြစ်ဖြစ် တစ်ခုနဲ့တစ်ခုကြားက အကွာအဝေးက သိပ်မဝေးဘူးလေ။ တီအန်တာအိုဂိုဏ်းကို ချူးကလန်ရဲ့ အနိမ့်စား ကျင့်ကြံခြင် နေရာတစ်ခု ဖြစ်လာစေချင်တယ်။ ဒါဆိုရင် တီအန်တာအိုဂိုဏ်းလည်း ပျောက်ကွယ်သွားတော့မှာ မဟုတ်ဘူး"

ဒါကိုကြားတော့ ချူးတိုင်ကွန်ကလည်း ခေါင်းညိတ်ပြီးတော့ ပြောလိုက်ပါတယ်။
"တကယ်တော့ အဖေလည်း ဒီလိုပဲ စဉ်းစားထားတာပါ၊ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက ငါ တွေးမိခဲ့တယ်။ တီအန်တာအိုဂိုဏ်းက မင်း ပထမဆုံး ခြေလှမ်းစပြီး ကြီးပြင်းလာစေခဲ့တဲ့ နေရာတစ်ခုပဲလေ။ ဒီအတိုင်း တိမ်မြှုပ်ပျောက်ကွယ်သွားမယ်ဆိုရင် စိတ်မကောင်းစရာဖြစ်လိမ့်မယ်။ ဒါကြောင့် အချိန်တစ်ခုကြာပြီးရင် ဂိုဏ်းကို ကောင်းကောင်းမွန်မွန် စီမံဖို့ ငါ လူတွေစေလွှတ်လိုက်ပါမယ်"

"အဖေ့ဆီကနေ ဒီစကားကြားရမှတော့ ကျွန်တော် စိတ်အေးရပါပြီ"
ချူးယွန် ပြုံးလိုက်ပါတယ်။ အခုတော့ ဒီကိစ္စအတွက် သူ စိုးရိမ်နေစရာမလိုတော့ပါဘူး။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၅ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၅Where stories live. Discover now