အပိုင်း ( 1837 )ဒါက စစ်နတ်ဘုရားပါ

117 16 0
                                    

အပိုင်း ( 1837 )

လက်ရှိ သူ့ရဲ့အဆင့်နဲ့ ကမ္ဘာနှစ်ခုကြားမှာ လွတ်လွတ်လပ်လပ် သွားလာနိုင်ပါတယ်။

ဒါက အလွန်ကြာမြင့်စွာကတည်းက တည်ရှိနေတဲ့ တောင်တန်းတစ်ခုပါ။ ဒါပေမဲ့ ဒီနေရာမှာ ထူးခြားမှု ဘာမှမရှိတာကြောင့် ဘယ်သူမှ သတိမပြုမိခဲ့ပါဘူး။ ဒါပေမဲ့လည်း ဒီတောင်ကတော့ နည်းနည်းပူနေတယ်။

အဲဒါကြောင့် ဒါကို ရှာတွေ့ခဲ့သူဟာ အတော်အံ့ဩသွားပါတယ်။ အခြားတောင်တွေက သစ်ပင်တွေနဲ့ စိမ်းလန်းစိုပြေပေမဲ့ ဒီတောင်ကတော့ ထူးထူးခြားခြား ပြောင်စိန်ဖြစ်နေတယ်။

ထိုလူက လျှို့ဝှက်မီးတောင်လို့ထင်တာကြောင့် စူးစမ်းချင်ပေမဲ့ ဘယ်လိုမှ မရခဲ့ပါဘူး။

သူက ကျူဝမ်ငါးဆယ် အဓိပဓိဖြစ်ပေမဲ့လည်း သူအစွမ်းကုန် ကြိုးစားတာတောင် တောင်ကို မထိခိုက်စေနိုင်ပါ။

နောက်ပိုင်းမှာ အခြားကျွမ်းကျင်သူတွေနဲ့ တောင်ကြီးကိုတိုက်ခိုက်ဖို့ အစွမ်းကုန် အသုံးပြုခဲ့ပေမဲ့လည်း ဘာတစ်ခုမှ မသိရသေးပါဘူး။

ဒါကြောင့် တစ်ခုခုမူမမှန်သလို ခံစားလာရပါတော့တယ်။

ဒီတောင်ကြီးက လုံးဝကို ထူးခြားတယ်။

ဒါကြောင့် သူဟာ ချန်းပိနင်းကို အမြန်သတင်းပို့ခဲ့ပါတယ်။

ချန်းပိနင်း ရောက်လာပေမဲ့လည်း အဖြေကို မသိသေးပါဘူး။ သူ့ရဲ့ ခန့်မှန်းမှုအရ ဒါဟာ နှစ်ငါးသောင်းလောက် ရှိပြီဆိုတာပဲ သိခဲ့ရပါတယ်။

‌ဒီလိုနဲ့ နောက်ဆုံးမှာတော့ ချူးယွန်ကို ထပ်မံ လာတွေ့လိုက်ရပါတော့တယ်။

"ဒါက ဒီတောင်လား"
တောင်အရှေ့မှာ ရပ်လိုက်တာနဲ့ ချူးယွန်ရဲ့မျက်လုံးမှာ အံ့အားသင့်မှုတွေ ပေါ်လာခဲ့ပါတယ်။ ဒီတောင်က အခြားသူတွေနဲ့မတူဘဲ သိသိသာသာ ကွဲပြားနေတာကို သူ ခံစားနိုင်တယ်။

တောင်အပြင်ပန်းမှာ မမြင်ရပေမဲ့ အတွင်းပိုင်းက လူတစ်ယောက်ကို အရည်ပျော်စေနိုင်သလို ပူလောင်လွန်းပါတယ်။

ချန်းပိနင်းလည်း စိတ်လှုပ်ရှားနေလို့ပါ။ ဒါက နှစ်များတစ်လျှောက် သူတို့ရှတွေ့ခဲ့တဲ့ အထူးခြားဆုံးအရာပါပဲ။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၅ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၅Where stories live. Discover now