အပိုင်း ( 1836 )ငါ့အတွက်ထားခဲ့လိုက်

113 11 0
                                    

အပိုင်း ( 1836 )

ချူးယွန်က ကမ္ဘာတစ်ခုလုံးကို ထိန်းချုပ်ထားတာကြောင့် သူဆန္ဒရှိရင် မှော်နည်းလမ်းအပြင် ကမ္ဘာ့နိယာမတွေကိုပါ သင်ကြားပေးလို့ရပါတယ်။ ဒါပေမဲ့ ချူးမူကျစ်က ငယ်သေးတာကြောင့် သူကန့်သတ်ထားခဲ့တာပါ။

သူ့အဖေက ရှေးဦးမှော်နည်းလမ်းများစွာကို ထုတ်ပြလာတာ မြင်ရတဲ့အခါ ချူးမူကျစ်ရဲ့ မျက်လုံးလေးတွေက ကောင်းကင်ယံမှ ကြယ်လေးတွေလို တလက်လက်တောက်ပသွားပါတယ်။ သူက လက်ခုပ်လက်ဝါးတီးပြီး ပြောလိုက်တယ်။
"အဖေက အကောင်းဆုံး... အဖေက အကောင်းဆုံးပဲ။ အားလုံးကို သင်ယူမယ်... အကုန်လုံးကို သင်ယူရမယ်"

"လောဘကြီးလိုက်တဲ့ကောင်စုတ်လေး၊ မင်း အရမ်းဝါးချင်လို့တော့ ဘယ်ရပါ့မလဲ။ ငါမင်းကို နှစ်ခုပဲ အရင်သင်ပေးမယ်"
ချူးယွန် ရယ်ရမလား ငိုရမလား မသိတော့ပါ။ ချူးမူကျစ်ရဲ့ လေ့ကျင့်လိုစိတ် ပြင်းထန်မှုက သူ့ထက်တောင် သန်မာတယ်။

သူ့ရဲ့ ကြောက်စရာကောင်းတဲ့ အရည်အချင်းတွေကြောင့်လည်း ဘာပဲလုပ်လုပ် အားထုတ်မှု တစ်ဝက်လောက်နဲ့ ရလဒ်နှစ်ဆ ရနိုင်မှာပါ။

တကယ်ကို ငါချူးယွန်ရဲ့သားက မျှော်လင့်ထားတဲ့အတိုင်းပဲ။

ချူးမူကျစ်က စိတ်ဆိုးစိတ်ကောက်ဟန်နဲ့ နှုတ်ခမ်းကိုမဲ့လိုက်ပါတယ်။ ဒါပေမဲ့ ချက်ချင်းပဲ မပျော်မရွှင်တဲ့ အရာတွေကို ဘေးဖယ်ထားလိုက်တယ်။

မှော်နည်းလမ်းနှစ်ခုဆိုရင်လည်း နှစ်ခုပေါ့။ ဒါကို အရင်လေ့လာမယ်။

"ဒီပထမနည်းလမ်းကို ဟင်းလင်းပြင်ချုံ့ခြင်းနည်းလမ်းလို့ခေါ်တယ်။ ဒါက အင်မတန် ကြောက်စရာကောင်းတဲ့ နည်းလမ်းတစ်ခုပဲ။ ဒီနည်းလမ်းကို အသုံးပြုလိုက်မယ်ဆိုရင် မင်းရဲ့အမြန်နှုန်းက အလင်းနဲ့အရိပ်လို ကြောက်စရာကောင်းအောင် မြန်ဆန်လာလိမ့်မယ်။ တော်ရုံလူတွေဆိုရင် မင်းရဲ့ လှုပ်ရှားမှုတွေကို ရှင်းရှင်းလင်းလင်း မြင်ရတော့မှာမဟုတ်ဘူး"
ချူးယွန်က ပြုံးပြီး ပြောလိုက်ပါတယ်။
"ငါမင်းကို နည်းလမ်းအရင်ပြပြီးတော့ ကိုယ်တိုင် လှုပ်ရှားပြမယ်။ ဒါပေမဲ့ နည်းလမ်းဖြစ်ဖြစ်၊ သရုပ်ပြတာပဲဖြစ်ဖြစ် ငါက တစ်ကြိမ်ပဲ လှုပ်ရှားပြမှာနော်။ ဒါကို ဆုပ်ကိုင်နိုင်တယ် မနိုင်ဘူးက မင်းအပေါ်မှာပဲ မူတည်မယ်"

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၅ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၅Where stories live. Discover now