အပိုင်း ( 1831 )ငါက စစ်မှန်တဲ့ ဘုရင်ပဲကွ

124 13 0
                                    

အပိုင်း ( 1831 )

တိုက်ကြီးရဲ့ အခြားတစ်ဖက်ကို ရောက်လာတဲ့အခါ ချူးယွန်ရဲ့ အတွေးတစ်ခုနဲ့ စိမ့်တောကြီး ပေါ်လာခဲ့ပါတယ်။ စိမ့်တောအလယ်မှာ ကျယ်ပြန့်တဲ့ သဲကန္တာရနဲ့ မြင့်မားတဲ့ တောင်ကြီးတွေ ပေါ်လာခဲ့ပါပြီ။ အဲဒီအထဲမှာမှ ရှေးဦးသစ်တောတစ်ခု ရှိနေပြန်လို့ပါ။ သစ်တောထဲမှာတော့ သေးငယ်တဲ့ လွင်ပြင်လေးတစ်ခု ရှိနေခဲ့ပါတယ်။

အဲဒီလွင်ပြင်မှာပဲ ထောင်ချီတဲ့ သက်ရှိတွေ ထပ်မံပေါ်လာခဲ့ပါပြီ။

သူတို့ဟာ လူသားမျိုးနွယ်နဲ့ အတိအကျ တူညီပေမဲ့ ချသးယွန်ကတော့ လူသားမျိုးနွယ်လို့ မခေါ်ပါဘူး။ သူတို့ကို လူသစ်တွေလို့ ခေါ်မှာပါ။

နောက်ဆုံးမှာတော့ သူတို့တွေဟာ သူဖန်တီးခဲ့တဲ့ နောက်ဆုံးသက်ရှိတွေ ဖြစ်နေခဲ့တယ် မဟုတ်လား။

အဲဒီနောက် ချူးယွန်ဟာ သူတို့ရဲ့ ပတ်ဝန်းကျင်ကို ကြမ်းတမ်းအောင် ဖန်တီးလိုက်ပါတယ်။

နွံအိုင်တွေ၊ သဲကန္တာရတွေ၊ တောင်တွေ ဒါမှမဟုတ် တောအုပ်တွေထဲမှာပဲဖြစ်ဖြစ်၊ မရေမတွက်နိုင်တဲ့ သားရဲကြီးတွေ ရုတ်တရက်ပေါ်လာခဲ့ပါပြီ။ အားလုံးက ရက်စက်ကြမ်းကြုတ်စွာနဲ့ သတ်ဖြတ်ချင်စိတ်တွေ ပြည့်နှက်နေပုံရပါတယ်။

ပတ်ဝန်းကျင်က ကြမ်းတမ်းပေမဲ့ ချူးယွန်ဟာ သဘာဝရတနာများစွာကိုလည်း ချန်ထားခဲ့ပါတယ်။ သူတို့ရဲ့ ကျင့်ကြံခြင်း ပတ်ဝန်းကျင်ဟာ ကောင်းကင်လူသားမျိုးနွယ်ထက်တောင် သာလွန်ခဲ့ပါပြီ။

ဒါပေမဲ့လည်း သူတို့ကြုံတွေ့ရမဲ့ နေထိုင်မှုပတ်ဝန်းကျင်ကတော့ လူရိုင်းမျိုးနွယ်ထက်တောင် ကြမ်းတမ်းခက်ခဲပါတော့တယ်။

ချူးယွန်က ကြီးမားတဲ့ ဆုလာဘ်ပေးပြီး အန္တရာယ်တွေကြားမှာ ရှင်သန်စေလိုခဲ့တာပါ။

အဆုံးမဲ့အရင်းအမြစ်တွေနဲ့ ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်ရဲ့ အကူအညီနဲ့ဆိုရင် ဒီလူသားမျိုးနွယ်သစ်က ဘယ်လောက်ထိ တိုးတက်လာနိုင်မလဲ။

သူတို့ရဲ့ အောင်မြင်မှုက အရင် လူရိုင်းမျိုးနွယ်စုတွေ ဒါမှမဟုတ် ကောင်းကင်လူသားမျိုးနွယ်ရဲ့ အောင်မြင်မှုတွေထက် ပိုပြီး မြင့်မားလာနိုင်မလား။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၅ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၅Where stories live. Discover now