အပိုင်း ( 1838 )ကြယ်ကောင်းကင်ကြီးအတွက်... ငါကြိုးစားသွားမယ်"

119 14 0
                                    

အပိုင်း ( 1838 )

"မင်း ငါ့ကို စစ်နတ်ဘုရားလို့ ခေါ်နိုင်ပါတယ်၊ ဒါမှမဟုတ် ငါ့ကို 'လူသား' လို့လည်း ပြောနိုင်တယ်။ ငါက အင်မော်တယ်ကမ္ဘာကနေ လာခဲ့တာ၊ ဒါက မရေမတွက်နိုင်တဲ့ ကြယ်ကောင်းကင်တွေအထက်က ရှေးကျတဲ့ တည်ရှိမှုတစ်ခုပေါ့။ ငါ့မှာ မရေမတွက်နိုင်တဲ့ ကိုယ်ပွားတွေ ရှိတယ်၊ လူသားတွေအပေါ်ကနေ အင်မော်တယ်တွေကို တွန်းလှန်တိုက်ခိုက်ဖို့"

"ဒီကို ရောက်လာနိုင်တာကို ကြည့်ခြင်းအားဖြင့် ဒီနေရာရဲ့ စည်းမျဉ်းတွေကိုတော့ မင်းနားလည်လောက်ပါပြီ။ မင်းတို့အထက်မှာ ကြယ်ကောင်းကင်က သတ္တဝါတွေကို ကျွန် ပုရွက်ဆိတ်တွေအဖြစ် ရှုမြင်တဲ့ အင်မော်တယ်တွေ ရှိတယ်ဆိုတာ မင်းသိသင့်တယ်။ ပုံမှန်ဆိုရင် မင်းတို့ဆီကနေ စွမ်းအင်တွေဆွဲယူနေပြီး သူတို့ မလိုရင်တော့ မင်းတို့ကို ရှင်းပစ်လိုက်မှာပဲ။ မင်းတို့ကို သတ်လိုက်ရလို့လည်း သူတို့က စိတ်မကောင်းမဖြစ်သလို နောင်တရနေမှာမဟုတ်ဘူး"

"ဒါကြောင့် ငါ့ကိုယ်ပိုင်ခွန်အားနဲ့ တစ်ခုခုကို လုပ်ချင်ခဲ့တယ်။ ဒါကြောင့်ပဲ ကြယ်ကောင်းကင်မှာ ပုန်းအောင်းဖို့ မရေမတွက်နိုင်တဲ့ အထောက်အထားတွေကို ငါဖန်တီးခဲ့တာ။ ငါမျှော်လင့်တာက တစ်ရက်မှာ လူသားမျိုးနွယ်အတွက် အင်မော်တယ်တွေကို တွန်းလှန်တိုက်ခိုက်နိုင်တဲ့ တစ်နေ့ကို ရောက်လာခဲ့ဖို့ပဲ။ ဒါပေမဲ့... အင်မော်တယ်တွေရဲ့ ရိုက်ခံလိုက်ရတာ စိတ်မကောင်းစရာပဲ။ အဲဒီအတွက် ငါ့အမွေကို ရှေးဟောင်းပစ္စည်းတစ်ခုမှာ ထည့်သွင်းထားခဲ့တယ်။ ဒါကို ရရှိတဲ့သူက မကြုံစဖူး အသန်မာဆုံးဖြစ်တဲ့ အမြင့်ဆုံးစစ်ဝိညာဉ်ကို ရရှိလိမ့်မယ်"

"ကံမကောင်းချင်တော့ ငါ့ရဲ့ ကိုယ်ပွားများအားလုံးကို သူတို့ သုတ်သင်ခံလိုက်ရတယ်။ ဒါကြောင့် ငါမသေဆုံးခင်မှာ ဒီသတင်းကို အသဲအသန် ထားခဲ့ပြီး၊ နိယာမတွေကိုလည်း ဖုံးကွယ်ထားခဲ့တာ။ တိုင်ဂန်စစ်ကမ္ဘာရဲ့ အုပ်ချုပ်သူ ဖြစ်လာမှာပဲ ငါလျှို့ဝှက်ထားခဲ့တဲ့ နိယာ‌မတွေကို ရှာဖွေတွေ့ရှိနိုင်မှာ။ ပြီးရင်တော့ ပိုမြင့်မားတဲ့ လောကကိုတက်လှမ်းဖို့ ဋည်းလမ်းရှာနိုင်လိမ့်မယ်"

"ကံကြမ္မာကို ငါမယုံသလို အခြားသူတွေကိုလည်း ငါ့ကိုယုံကြည်ဖို့ အတင်းမလုပ်ချင်ပါဘူး။ ဒါကြောင့် မင်းနားထောင်ချင်စိတ်ရှိရင် ဆက်နေနိုင်ပါတယ်။ အမြင့်ကိုတက်ဖို့ နည်းလမ်းတွေ မင်းကို ငါပြောပြမယ်။  ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ငါ့ရဲ့ ဆန္ဒအတိုင်း အင်မော်တယ်တွေကို ဆန့်ကျင်တိုက်ခိုက်ဖို့ ငါမျှော်လင့်တယ်"

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၅ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၅Where stories live. Discover now