အပိုင်း ( 1793 ) ကပ်ဘေးဖြတ်ကျော်ခြင်း ခုနစ်ခု

111 12 0
                                    

အပိုင်း ( 1793 )

"ကပ်ဘေးဖြတ်ကျော်ခြင်း ခုနစ်ခု၊ ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်လဲ"
မျက်နှာမဲ့က မျက်လုံးကိုမှိတ်ပြီး နှလုံးသားနဲ့ ခံစားကြည့်လိုက်ပါတယ်။ သူ့ရဲ့ နှုတ်ခမ်းတွေက စိတ်လှုပ်ရှားမှုကြောင့် တွန့်ချိုးသွားခဲ့ပါပြီ။

သူက မိဘမဲ့၊ သူ့ကို တန်းချုံကျန်းကပဲ မွေးစားပြီး ဒီအခြေအနေအထိရောက်အောင် လေ့ကျင့်ပေးခဲ့ပါ။ ဒါကြောင့် သူဟာ တန်းချုံကျန်းအတွက် အကောင်းဆုံးတွေကို ပြုလုပ်ပေးချင်ခဲ့ပါတယ်။

အခု၊ ကပ်ဘေးဖြတ်ကျော်ခြင်းခုနစ်ခုအကြောင်းကို သိရတဲ့အခါ သူ ကြိုးစားချင်လာခဲ့ပါပြီ။ သူ့ရဲ့ နှလုံးသားမှာလည်း ဆန္ဒတွေ နိုးထလာခဲ့ပါတော့တယ်။

"မျက်နှာမဲ့၊ မင်းက ငါ့မျက်စိအောက်မှာတင် ကြီးပျင်းလာတဲ့ ကလေးတစ်ယောက်ပါပဲ။ မင်းရဲ့အလားအလာကို ငါကောင်းကောင်းသိတယ်၊ ဒါကြောင့် စိတ်မပူပါနဲ့။ မင်း မှန်မှန်လေ့ကျင့်ဖို့ပဲလိုတယ်၊ အနာဂတ်မှာ... ကပ်ဘေးဖြတ်ကျော်ခြင်းခုနစ်ခုကို သေချာပေါက် နားလည်နိုင်လိမ့်မယ်"
တန်းချုံကျန်းက ပြောလိုက်ပါတယ်။ ဒီအတွက် စိတ်လှုပ်ရှားပြီး တုန်လှုပ်နေစရာ မလိုပါဘူး။

မျက်နှာမဲ့လည်း သူ့ရင်ထဲက စိတ်လှုပ်ရှားမှုတွေကို အတင်းဖိနှိပ်ပြီး ပြောလိုက်တယ်။
"ဆရာ၊ ဒါနဲ့... စောစောက မင်းပြောခဲ့တာက ကောင်လေးက အခု ဒုတိယအဖြတ်ကို ရောက်နေပြီ မဟုတ်လား။ မင်းသူ့ကို လိုက်မီနိုင်မလား"

တန်းချုံကျန်း တိတ်ဆိတ်သွားပါတယ်။ ခဏကြာတော့မှ ခေါင်းခါယမ်းပြီး ပြောလိုက်တယ်။
"ငါ မလုပ်နိုင်တော့မှာကို ကြောက်ရတယ်၊ သူ့အသက်က ဘယ်လောက်ရှိပြီလဲ‌ ငါတောင် မသိဘူး။ သူ့ရဲ့ နက်ရှိုင်းတဲ့  နားလည်မှုက ငါ နှိုင်းယှဉ်နိုင်တာ မဟုတ်ဘူး။ နောက်ပြီးတော့ ငါက သူ့ထက် အများကြီးနောက်ကျပြီးမှ ဒီနယ်ပယ်ကို ဝင်ခဲ့တာပါ။ ဒါကြောင့် သူ့ကို လိုက်မီနိုင်ဖို့ဆိုရင် မဖြစ်နိုင်သလောက် ခက်လိမ့်မယ်"

"ဒါဆို ငါတို့ လူသားမျိုးနွယ်ရဲ့ အနာဂတ်အတွက် ဘာလုပ်သင့်လဲ"
မျက်နှာမဲ့ စိုးရိမ်လာခဲ့ပါတယ်။ အရင်တုန်းက ဒီအကြောင်းတွေကို မသိလို့ မစိုးရိမ်ပေမဲ့ အခုတော့ စဉ်းစားစရာဖြစ်လာခဲ့ပြီ။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၅ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၅Where stories live. Discover now