အပိုင်း ( 1787 ) အပြောင်းအလဲ

116 11 0
                                    

အပိုင်း ( 1787 ) အပြောင်းအလဲ။

တိုင်ဂန်စစ်ကမ္ဘာက ချူးယွန်ရဲ့ မင်္ဂလာပွဲမှာ နတ်ဆိုးမျိုးနွယ်ရဲ့ စာလုံးတွေနဲ့ နှောင့်ယှက်ခဲ့တဲ့ သတင်းက အဆုံးမဲ့ကြယ်ကောင်းကင်မှ ကျွမ်းကျင်သူ‌အားလုံးကို ဆွဲဆောင်ခဲ့ပါတယ်။

ဒီကိစ္စက လျှို့ဝှက်ချက်မဟုတ်ပါဘူး။ နောက်ဆုံးမှာတော့ အဲဒီနေ့မှာ ကျွမ်းကျင်သူအများကြီး ရှိနေကြပြီး မြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်ခဲ့ကြရပါတယ်။ ဒါကြောင့် သတင်းတွေဟာ လျင်မြန်စွာ ပျံ့နှံ့သွားပါတော့တယ်။

နတ်ဆိုးမျိုးနွယ်က တစ်ဖန် အားကောင်းလာပုံရမှန်း ကျွမ်းကျင်သူအားလုံး သိခဲ့ကြပါပြီ။

နတ်ဆိုးမျိုးနွယ်ရဲ့ ကျွမ်းကျင်သူက အဆုံးမဲ့ ကြယ်ကောင်းကင်မှာ စာလုံးတွေ ရေးထိုးပြီး စစ်ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒါကြောင့် လူသားမျိုးနွယ်ရဲ့ ကျူဝမ်ငါးဆယ်ရှိတဲ့ ဘီလူးကြီးတစ်ဦးက တုံ့ပြန်ခဲ့ပေမဲ့ တစ်ချက်တည်းနဲ့ လက်ပြတ်သွားခဲ့ပါတော့တယ်။

တကယ်လို့ တန်းချုံကျန်းသာ မလှုပ်ရှားခဲ့ရင် လူသားမျိုးနွယ်က တကယ်ကို မျက်နှာပျက်ရတော့မှာပါ။

ဒါပေမဲ့လည်း ဒီအကြောင်းရာက ဘယ်လိုပဲတွေးတွေး သူတို့ကို ထူးခြားသလို ခံစားရစေခဲ့ပါတယ်။

အရင်ကဆိုရင် နတ်ဆိုးမျိုးနွယ်က ပြင်ပမိစ္ဆာတွေလောက်တောင် အားကောင်းကြတာ မဟုတ်ပါဘူး။

မင်းတို့ ဘာဖြစ်လို့ ရုတ်တရက်ကြီး ခေါင်းမော့လာတာလဲ။

ဘယ်သူက သူတို့ကို ယုံကြည်မှု ပေးခဲ့တာလဲ။

ဒါမှမဟုတ် နတ်ဆိုးမျိုးနွယ်က ကျောထောက်နောက်ခံအသစ်ကို ရလာကြတာလား။

ဥပမာအားဖြင့် လွန်ခဲ့တဲ့ သုံးရက်က အဆုံးမဲ့ကြယ်ကောင်းကင်မှာ စစ်ကြေညာခဲ့သူဟာ အလွန်အားကောင်းပြီး တန်းချုံကျန်းနဲ့တောင် တူညီတဲ့အဆင့်မှာ ရှိနေနိုင်ပါတယ်။

ဒီအတွက် လူသားမျိုးနွယ်ဝင် အများစုက အတော် စိုးရိမ်ပူန်သွားမိတာပါ။ ဒါပေမဲ့လည်း ကြောက်ရွံ့မှုကြီးစွာတော့ မဖြစ်သေးပါဘူး။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၅ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၅Where stories live. Discover now