အပိုင်း ( 1828 )တန်းချုံကျန်းရဲ့ အသက်ဓာတ်က နောက်ဆုံးအချိန်ကို ရောက်နေပြီ

119 12 0
                                    

အပိုင်း ( 1828 )

"မင်း ဘာလိုချင်လို့လဲ။ မင်း ဘာလိုချင်တာလဲ ငါ့ကိုပြောစမ်း။ ငါ ဖီးနစ်ဧကရာဇ်စစ်ကမ္ဘာမှာ နေလာခဲ့တာကြာပြီ။ ဒီနှစ်‌တစ်လျှောက်လုံး ငါ လုံးဝ ပြဿနာမရှာဖူးဘူး။ မင်း ငါ့ကို ဘာဖြစ်လို့လာရှာတာလဲ။ ငါ့ကို ဖျက်စီးချင်လို့လား၊ ငါ့ကို အစားထိုးချင်လို့လား။ မင်းပြော... ပြောစမ်း"

စွမ်းအင်အရင်းအမြစ်ကျောက်ထဲမှာ လူလတ်ပိုင်းအရွယ် ပုံရိပ်တစ်ခု ရှိနေခဲ့ပါတယ်။ သူက အလွန် ဒေါသထွက်ပြီး စိတ်လည်းလှုပ်ရှားနေတဲ့ပုံပါ။

ဒီလိုအခြေအနေမျိုးကို ရင်ဆိုင်ရရင် ဘယ်သူမှ စိတ်မဆိုးဘဲ နေမှာမဟုတ်ပါဘူး။

နောက်ဆုံးမှာတော့ ချူးယွန် ဝင်ရောက်လာတာဟာ သူ့ကိုဖျက်ဆီးပြီး သူ့နေရာကို အစားထိုးဖို့မှန်း သိသာထင်ရှားနေခဲ့တယ် မဟုတ်လား။

ဒါကို ဘယ်သူက လက်ခံမှာလဲ။

ချူးယွန်ရဲ့ မျက်လုံးတွေက အေးစက်သွားပြီး ပြောလိုက်တယ်။
"မင်းနဲ့ငါကြားမှာ ရန်ငြိုးမရှိပါဘူး။ ဒါပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ် တွေ့ရတာလည်းဖြစ်နိုင်တယ်၊ ဒါပေမဲ့ မင်းကိုပြောပြချင်တာက တစ်ချို့အရာတွေဟာ ငါ့လက်ထဲမှာပဲ အလုံခြုံဆုံး ဖြစ်လိမ့်မယ်။ မင်း‌ပြောတာက မမှားပါဘူး၊ ဒါပေမဲ့ ဖီးနစ်ဧကရာဇ်စစ်ကမ္ဘာမှာ မင်း မွေးဖွားမလာသင့်ဘူး"

ကောင်းကင်တာအိုထိန်းချုပ်သူတွေအပေါ်မှာ ချူးယွန်အနေနဲ့ သနားညှာတာမှု လုံးဝ မရှိပါဘူး။

ဒီလူက မကောင်းတာမလုပ်ရင်တောင် သူ့ရဲ့တည်ရှိမှုက သက်ရှိအားလုံးရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ကန့်သတ်ထားဖို့ပါ။ ဒါ့အပြင် စွမ်းအင်ကြွယ်ဝမှုကိုလည်း တားဆီးတယ်။

နောက်ပြီးတော့ အခြား အတားအဆီးတွေလည်း ရှိပါသေးတယ်။

သူတို့က ဘာကြောင့်ဒီလိုလုပ်တာလဲ။

တကယ်တော့ ဒါဟာ အလွန်ရိုးရှင်းပါတယ်။ သူတို့အားလုံးက စွမ်းအင်ရင်းမြစ်ကျောက်နဲ့ ပေါင်းစည်းထားတာကြောင့် အလားတူ တာဝန်တွေကို လက်ခံရမှာပါ။

ဘာပဲဖြစ်ဖြစ် လူသားမျိုးနွယ်ကို တိုးတက်ခွင့်မပြုနိုင်ဘူး။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၅ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၅Where stories live. Discover now