အပိုင်း ( 1820 ) ဇီရှမ်း...မမိုက်မဲစမ်းနဲ့

123 15 0
                                    

အပိုင်း ( 1820 )

"ဒါဆိုရင် အဲဒီစွမ်းအင်အရင်းအမြစ် တည်နေရာအတိအကျကို သိပြီလား"
နင်ကျန်းလီကော ဇူးဖူစီပါ ခြေတစ်လှမ်းစီ တိုးလိုက်ကြပါတယ်။ သူတို့ရဲ့ မျက်နှာမှာတော့ စိုးရိမ်မှုတွေ ပြည့်နေလို့ပါ။ စွမ်းအင်အရင်းအမြစ်ရဲ့လုပိဆောင်ချက်ကို သိသွားရင်တောင် တကယ်ရှာမတွေ့နိုင်ရင် အသုံးဝင်မှာမဟုတ်ပါဘူး။

ဆယ်ရက်ပဲ ကျန်ပါတော့တယ်။ မကြာခင် တိုင်ဂန်စစ်ကမ္ဘာကို တွင်းနက်ကြီးက စတင်ဝါးမျိုတော့မှာပါ။

လုံးဝ မတတ်သာလို့မဟုတ်ရင် တိုင်ဂန်စစ်ကမ္ဘာ ဝါးမျိုခံလိုက်ရမှာကို ဘယ်သူမှ မမြင်ချင်ပါဘူး။

နောက်ဆုံးမှာတော့ ဒါက ချူးယွန်ရဲ့ မွေးရပ်မြေတစ်ခုပါ။

"တည်နေရာအတိအကျလား၊ ငါသိတာပေါ့။ မဟုတ်ရင် ငါ ရပ်တန့်နေမှာ မဟုတ်ဘူး"
ချူးယွန်က ယုံကြည်မှုအပြည့်ရှိတဲ့ အပြုံးနဲ့ ထရပ်လိုက်ပြီး
"အချိန်ဘယ်လောက်ကြာသွားပြီလဲ"

ဗေဒင်တွက်နေစဉ်အတွင်းမှာ အာရုံမပြန့်နိုင်တာကြောင့် ဘယ်အချထန်ရှိပြီမှန်း ချူးယွန်မသိပါဘူး။ သူ့အမြင် နှစ်တွေ သိပ်ပြီးတော့ ကြာဦးမှာမဟုတ်ပါ။ ဒါဆိုရင် သူ ခဏလောက် အနားယူလို့ရပါတယ်။

"အချိန် ဘယ်လောက်ကြာပြီလဲ ဟုတ်လား။ မကြာခင် ငါးနှစ်ပြည့်တော့မယ်။ မြန်မြန်လုပ်တော့၊ မဟုတ်ရင် တွင်းနက်က တိုင်ဂန်စစ်ကမ္ဘာကို ဝါးမျိုလိုက်တော့မှာ။ အခုတောင် ဆယ်ရက်လောက်ပဲ ကျန်တော့တယ်။ အခုဆိုရင် အဆုံးမဲ့ကြယ်ကောင်းကင်ရဲ့ သုံးပုံတစ်ပုံ ကုန်သွားခဲ့ပြီလေ။ ဒီအတွက် ဘယ်သူမှ ဘာမှ မတတ်နိုင်ခဲ့ဘူး။ ဒါကြောင့် အားလုံးက နင့်ရဲ့သတင်းကို စောင့်နေခဲ့ကြတာ"
နင်ကျန်းလီနဲ့ ဇူးဖူစီလည်း မနေနိုင်ဘဲ တိုက်တွန်းလိုက်ပါတယ်။

"ငါနှစ်လား၊ နယ်မြေ သုံးပုံတစ်ပုံကို ဝါးမျိုခံလိုက်ရပြီလား။ တိုင်ဂန်စစ်ကမ္ဘာအနားကို ရောက်နေပြီပေါ့"
ချူးယွန် မယုံကြည်နိုင်ဖြစ်သွားခဲ့ပါတယ်။

မြန်လွန်းလှချေလား။

သူက အချိန် ဘယ်လောက်မှ မကြာသေးဘူးလို့ ထင်နေခဲ့တာပါ။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၅ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၅Where stories live. Discover now