အပိုင်း ( 1806 ) ငါအရမ်းစိတ်လှုပ်ရှားနေတယ်

124 14 0
                                    

အပိုင်း ( 1806 )

"သခင်၊ ချူးယွန်ရဲ့ တိုးတက်မှုက အရမ်းမြန်ပါတယ်။ အခု သူက ဒုတိယအဖြတ်ကိုတောင် ရောက်လာပြီ။ ငါတို့ မြန်မြန်လုပ်လိုက်ကြရင် မကောင်းဘူးလား။ အခုနေလုပ်ရင် သူ့ကို အကြွင်းမဲ့ ဖိနှိပ်နိုင်လိမ့်မယ်။ မဟုတ်ရင်... နည်းနည်းတော့ ခက်လာနိုင်တယ်…"
မန်ချင်းရန်က ခဏတာ တိတ်ဆိတ်နေပြီးနောက် စကားစလိုက်ပါတယ်။

သူက ချူးယွန်ကို အမြန် သတ်ချင်နေပြီ။

ချူးယွန်ရဲ့ တိုးတက်မှုနှုန်းက အရမ်းမြန်ပြီး နေ့စဉ်နဲ့အမျှ ပြောင်းလဲနေတာပါ။

နှစ်အနည်းငယ်အတွင်းမှာတောင် ဒုတိယအဖြတ်ကို ရောက်လာပြီ။

တကယ်လို့ သူသာ တတိယနဲ့ စတုတ္ထအဖြတ်ကို ရောက်လာရင် နတ်ဆိုးမျိုးနွယ်မှာ အားသာချက် ရှိပါဦးမလား။

"မင်း သူ့ကို အရမ်းယုံကြည်နေတာလား ဒါမှမဟုတ် ငါ့ကို လျှော့တွက်နေတာလား။ သူ ငါက တစ်တန်းတည်းဖြစ်ရင်တောင် သူ့အဆင့်က ငါ့ထက်သာလွန်နေ‌ရင်တောင် ငါ့ရဲ့ ကြောက်စရာကောင်းတဲ့ တိုက်ခိုက်နိုင်စွမ်းအရ ငါ့ကို အနိုင်မရနိုင်သေးဘူး။ မင်းက ငါ့ကိုတောင် ယုံကြည်မှုမရှိဘဲ သူ့ကိုသတ်ဖို့ ထပ်မလဲလဲ တောင်းဆိုနေတယ်။ မင်းအဆင့်ကို မင်းသိပါ။ မင်းလုပ်စရာရှိတာကိုပဲ ဆက်လုပ်ရမယ်၊ ကျန်တာ ငါစီစဉ်မယ်"
ယောက်ကျူး မျက်မှောင်ကြုတ်ပြီးတော့ ပြောလိုက်ပါတယ်။ နှစ်ပေါင်းများစွာအကြာမှာ ပြန်ဝင်စားပြီး အင်အားကြီးလာတာက သူ့ကို မာနကြီးတဲ့စရိုက် ဖြစ်လာစေခဲ့တယ်။

တန်းချုံကျန်းကိုလည်း သူ့လို တူညီတဲ့လမ်းကြောင်းအပေါ် လျှောက်လှမ်းနေမှန်း သိထားပေမဲ့ မသတ်ခဲ့ပါဘူး။ အဲဒီအစား သူ့အတွက် ဖိအားဖြစ်အောင်၊ အပျင်းပြေသဘောနဲ့ အသက်ရှင်ခွင့်ပေးထားခဲ့ပါတယ်။

ဒါက သူ့ရဲ့မာနပါ။

အခု ဒီတစ်ခါလည်း ဒီလိုပါပဲ။

ချူးယွန်က အရမ်းတော်တာ ငါသိတယ်၊ ငါ့နယ်ပယ်ကို သာလွန်နိုင်တာလည်း သိတယ်။ ဒါပေမဲ့ မင်းကို ငါသတ်ဦးမှာမဟုတ်ဘူး။

မလှုပ်ရှားခင်မှာ မင်းကို ငါ့အဆင့်ရောက်အောင် စောင့်မယ်။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၅ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၅Where stories live. Discover now