အပိုင်း ( 1782 ) ဘိုးဘေးလေး

121 14 0
                                    

အပိုင်း ( 1782 ) ဘိုးဘေးလေး။

အဆုံးမဲ့ကြယ်ကောင်းကင်ရဲ့ ထောင့်စွန်းမှာ ရာချီတဲ့ဂြိုလ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ကြယ်စက်ဝိုင်းတစ်ခုရှိပါတယ်။

ဒါက မဟာနတ်ဆိုးချပ်ပြားလို့ခေါ်တဲ့ အဆုံးမဲ့ကြယ်ကောင်းရင်ရဲ့ တားမြစ်နေရာများထဲမှ တစ်ခုပါ။

ဘာကြောင့် ဒီလို နာမည်မျိုး ရှိတာလဲ။

အကြောင်းကတော့ ဒီကြယ်စက်ဝိုင်းမှု လူနေကျဲပါးလွန်းလို့ပါ။ ဒါက အဆုံးမဲ့ကြယ်ကောင်းကင်ရဲ့ ထောင့်စွန်းဖြစ်တာကြောင့် လေထုမတည်ငြိမ်မှုနဲ့ ဟင်းလင်းပြင်မုန်တိုင်းတွေ မကြာခဏ တိုက်ခတ်တတ်ပါတယ်။ အားနည်းတဲ့သူတွေဆိုရင် ဒီမှာ ရှင်သန်နိုင်ဖို့ မလွယ်ကူပါဘူး။

နောက်ပြီး ဒီနေရာမှာ မွေးဖွားလာတဲ့ ထူးခြားတဲ့ သက်ရှိအမျိုးမျိုးကလည်း ကြာကြာမနေဘဲ စွန့်ခွာသွားခဲ့ကြစမြဲပါ။

မဟာနတ်ဆိုးကြယ်စက်ဝိုင်းမှာ မိုးထစ်ချုန်းသံတွေနဲ့ ကြောက်စရာကောင်းတဲ့ အရှိန်အဝါတွေ ထွက်ပေါ်နေခဲ့ပါတယ်။ မိုးကြိုး ကျဆင်းလာတိုင်း ဟင်းလင်းပြင်တွင်းကနေ ကြောက်စရာကောင်းတဲ့ နီညိုရောင် အက်ကြောင်းတွေလည်း ပေါ်လာတတ်ပါသေးတယ်။

ဒီမှာရှိတဲ့ ဖိနှိပ်မှုလေထုက အထွတ်အထိပ်ကို ရောက်ရှိသွားလုနီးပါပဲ။

သာမန်ကျင့်ကြံသူတွေအဖို့ ဒီနေရာမှာ အသက်ကိုတောင် ကောင်းကောင်းရှူဖို့ မလွယ်ကူပါဘူး။

ဒီအချိန်မျိုးမှာ အုပ်စုတစ်စုက မြေပေါ်ကနေ လမ်းလျှောက်ပြီး သွားနေခဲ့ပါတယ်။ သူတို့ကို ခံစားကြည့်မယ်ဆိုရင်တော့ အားလုံးက ကျူဝမ်သုံးဆယ်အထက်တွေဖြစ်ကြောင်း သိကြရမှာပါ။

အစွမ်းထက် သတ္တဝါအချို့ဆိုရင် အမှန်တကယ် ကျူဝမ် လေးဆယ် ဒါမှမဟုတ် လေးဆယ့်ငါးအထိ ရောက်ရှိခဲ့ကြပါပြီ။

သူတို့က တိုက်ခိုက်ချင်စိတ် မရှိဘဲ အတူတူ လျှောက်‌လှမ်းနေခဲ့ကြတာပါ။

သူတို့ရဲ့ ဦးတည်ရာ‌က ဘာကိုမှန်းတော့ ဘယ်သူမှ မသိနိုင်ပါဘူး။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၅ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၅Where stories live. Discover now