အပိုင်း ( 1801 ) ဒီမဟာနတ်ဆိုးချပ်ပြားကနေ စတင်မယ်

107 11 0
                                    

အပိုင်း ( 1801 )

အဆုံးမဲ့ကြယ်ကောင်းကင်မှာ လက်ရှိအခြေအနေက နှစ်စဉ်နှစ်တိုင်း ပြောင်းလဲနေပါတယ်။

ရှန်တုမျိုးနွယ်က ရှန်တုပါ့ကလွဲပြီး ကျွမ်းကျင်သူအားလုံးနီးပါး သေဆုံးခဲ့ကြတယ်။

ပိုင်လီမျိုးနွယ်က ပိုင်လီချင်းလုံအပါအဝင် ထိပ်တန်းဘီလူးကြီး သုံးဦး သေဆုံးခဲ့တယ်။

ဒါက ကုန်းရဲ့မျိုးနွယ်ကို အံ့ဩသွားစေခဲ့ပါတယ်။

ဒီဘီလူးကြီးတွေ ဘယ်သူ့လက်ချက်နဲ့ သေတာလဲ။

စုံစမ်းစစ်ဆေးမှုရဲ့ နောက်ဆုံးရလဒ် ထွက်ပေါ်လာတဲ့အခါ သူတို့အားလုံး အံ့အားသင့်ပြီး မယုံနိုင်ဖြစ်သွားခဲ့ပါတယ်။

ချူးယွန်လား။

ဘာဖြစ်လို့လဲ။

ချူယွန်အကြောင်းကို သူတို့သိပြီးသားပါ။

သူက လူသားမျိုးနွယ်ရဲ့ နံပါတ်တစ် ပါရမီရှင်ပဲ မဟုတ်လား။

ဒါပေမဲ့ ပါရမီရှင်ဖြစ်ရုံပါ။

အချိန်ဘယ်လောက်ကြာသေးလို့ ကျူဝမ်ငါးဆယ်ရှိတဲ့ ဘီလူးကြီး ဖြစ်လာနိုင်တာလဲ။

မင်း... ငါ့ကို လာနောက်နေတာလား။

ကုန်းရဲ့မျိုးနွယ်ရဲ့ ဘီလူးကြီးတွေ တုန်လှုပ်ချောက်ချားသွားပါတယ်။ ပိုင်လီမျိုးနွယ်မှာ အခု ခေါင်းဆောင် မရှိတော့ပါဘူး။ ငါတို့ ဘာဆက်ပြီးလုပ်သင့်လဲ။ ဆက်ထိုင်ပြီး စောင့်နေရမှာလား ဒါမှမဟုတ် အပြင်ထွက်ပြီး ဒီအခြေအနေတွေကို သခင်နတ်ဆိုးလေးဆီ သတင်းပို့ရမှာလား။

နတ်ဆိုးလေးမှာတော့ ဒါကိုဖြေရှင်းဖို့ နည်းလမ်းရှိမှာ သေချာပါတယ်။

မဖြေရှင်းနိုင်တဲ့ ပြဿနာတွေနဲ့ ကြုံလာရတဲ့အခါ သူ့ကို သတင်းပို့ရုံပဲ။

အရင်တုန်းက ပြင်ပမိစ္ဆာတွေဟာ မာနကြီးပြီး မြင့်မားခဲ့ပါတယ်။ နတ်ဆိုးမျိုးနွယ်၊ တစ္ဆေမျိုးနွယ်နဲ့ မျိုးနွယ်ခြားတို့ရဲ့ အားကိုးရာ ဖြစ်ခဲ့တာပါ။ အခုတော့  ကျောရိုးကျိုးသွားတဲ့ အိမ်ယာမဲ့ခွေးလေးတစ်ကောင်နဲ့ မခြားတော့ပါဘူး။ ချူးယွန်က ဘီလူးကြီးတွေကို တစ်ယောက်ပြီးတစ်ယောက် သတ်ပစ်ခဲ့တဲ့အတွက် တုန်လှုပ်နေခဲ့ကြပါပြီ။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၅ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၅Where stories live. Discover now