အပိုင်း ( 1827 )ယောက္ခမ၊ ဒီမှာပဲနေပြီး သတင်းကောင်းကို စောင့်နေပါ

124 15 0
                                    

အပိုင်း ( 1827 )

"နောက်ပြီးရင် ဖီးနစ်ဧကရာဇ်စစ်ကမ္ဘာကို ငါသွားတော့မယ်"
ချူးယွန် ရုတ်တရက် ပြောလိုက်ပါတယ်။ သူက အနားယူလိုစိတ် လုံးဝ မရှိဘဲ ပိုပြီးသန်မာလာချင်တယ်။

ပိုပြီးကြီးမားတဲ့ အန္တရာယ်တစ်ခု ရှိနေမှန်း သိလိုက်ရခြင်းက ချူးယွန်ကို ခွန်အားကြီးခြင်းရဲ့ အကျိုးကျေးဇူးတွေ ပိုပြီး သိစေခဲ့ပါတယ်။

စွမ်းအင်အရင်းအမြစ်ကျောက်တွေကို ဝါးမျိုတာက သူ့ရဲ့နယ်ပယ်ကို ချက်ချင်းမမြှင့်တင်နိုင်ပေမဲ့ စစ်ကမ္ဘာတစ်ခုလုံးကို ထိန်းချုပ်ထားတာနဲ့ ညီမျှတယ်။

ဥပမာအားဖြင့်၊ ကမ္ဘာသစ်ရဲ့ စွမ်းအင်အရင်းအမြစ်ကျောက်ကို ဝါးမျိုပြီးနောက် ကိုယ်တိုင် မလေ့ကျင့်ရင်တောင် ကမ္ဘာ့စွမ်းအင်တွေက သူ့ကိုယ်ထဲကို အလိုအလျောက် စီးဝင်နေမှာပါ။

အခုသိမ်းပိုက်ထားတဲ့ တိုင်ဂန်စစ်ကမ္ဘာနဲ့ဆိုရင် အိပ်ရင်း‌နဲ့တောင် ကြောက်စရာအမြန်နှုန်းနဲ့ လေ့ကျင့်နိုင်ပါတယ်။

ဒါပေမဲ့ ချူးယွန်က မကျေနပ်‌သေးပါ။

အခြားစစ်ကမ္ဘာတွေကို ဆက်လက်ပြီးတော့ ဝါးမျိုချင်သေးတယ်။

ငါ့မှာ အခွင့်အရေးရှိနေမှတော့ ဘာဖြစ်လို့ မလုပ်ရမှာလဲ။

အဆုံးမဲ့ကြယ်ရောင်ကောင်းကင်မှာ နံပါတ်တစ်စစ်ကမ္ဘာအဖြစ် လူသိများတဲ့ ဖီးနစ်ဧကရာဇ်စစ်ကမ္ဘာဆိုရင် ပိုလို့တောင် လက်လွတ်မခံသင့်ဘူး။

ဘယ်ဘက်ကပဲကြည့်ကြည့် ဖီးနစ်ဧကရာဇ်စစ်ကမ္ဘာက တိုင်ဂန်စစ်ကမ္ဘာထက် များစွာအားကောင်းပါတယ်။

အဲဒီကမ္ဘာကိုပါ သိမ်းပိုက်နိုင်ရင် ကြောက်စရာကောင်းတဲ့ တိုးတက်မှုတွေ ဖြစ်လာပါလိမ့်မယ်။

ဒါကြောင့် ချူးယွန်ဟာ အလျင်လိုနေခဲ့မိပါတယ်။

"နင်... နင် ဖီးနစ်ဧကရာဇ်စစ်ကမ္ဘာကို သွားချင်တာလား။ ဒါက အန္တရာယ်များတယ်နော်။ နောက်ဆုံးမှာတော့ ဖီးနစ်ဧကကာဇ်စစ်ကမ္ဘာက တိုင်ဂန်စစ်ကမ္ဘာထက် အများကြီး ပိုပြီး အားကောင်းတယ်။ ဒါကြောင့် သူတို့ရဲ့ စွမ်းအင်ရင်းမြစ်ကလည်း ပိုအားကောင်းလာမှာ အသေအချာပဲ။ ဒါက နင့်အတွက် ပြင်းထန်တဲ့ တုံ့ပြန်မှုတွေ ရှိလာနိုင်မှာ မဟုတ်လား"
တန်းဇီရှမ်းက စိုးရိမ်တကြီးနဲ့ မေးလိုက်ပါတယ်။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၅ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၅Where stories live. Discover now