အပိုင်း ( 1807 )ဒီနေ့ မင်းတို့ကို ရုပ်ပျက်ဆင်းပျက် သေစေမယ်

116 11 0
                                    

အပိုင်း ( 1807 )

ချူးယွန်လည်း သူတို့နဲ့အတူ ပူးပေါင်းပြီး တန်းချုံကျန်းကို ကြည့်ကာ ‌ပြောလိုက်တယ်။
"ယောက်က္ခမ၊ အချိန်တန်ရင် ကျွန်တော်တို့နှစ်ယောက် ပူးပေါင်းမယ်ဆိုရင်တောင် နတ်ဆိုးလေးကို အနိုင်ရဖို့ သိပ်မသေချာသေးဘူး"

"ငါသိထားသလို သူက တတိယအဖြတ်မှာပဲ ရှိသေးရင်တော့ အဆင်ပြေမှာပါ။ ဒါပေမဲ့ တကယ်ပဲ စတုတ္ထအဖြတ်ကို ရောက်နေပြီဆိုရင်တော့ ငါတို့အတွက် မလွယ်ဘူး။ ငါတို့ ကျပြီဆိုရင် အဆုံးမဲ့ကြယ်ကောင်းကင်လည်း လုံးဝ ကျဆုံးရတော့မှာ။ နောက်ဆုံးကျရင် ငါတို့ မမြင်ချင်တဲ့ လမ်းကြောင်းအတိုင်း ဖွံ့ဖြိုးလာလိမ့်မယ်..."
တန်းချုံကျန်း သက်ပြင်းချလိုက်ပါတယ်။ ဒီအတွက် သူ ဘာလုပ်နိုင်မလဲ။

နတ်ဆိုးလေးက ပြန်လည်ဝင်စားပြီးနောက် မူလခွန်အားကို ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ သူတို့ အစွမ်းကုန် ကြိုးစားရမှာပါ။

သူတို့ ရှုံးနိမ့်တာနဲ့ လုံးဝပြိုကျသွားလိမ့်မယ်။

ကြယ်လေးပွင့် ကောင်းကင်ကြီးကို ပေါင်းစည်းထားရင်တောင်မှ အသုံးမဝင်ဘူး။

နောက်ပြီး ဘယ်လိုလူက ကိုယ့်ရဲ့ရန်သူကို အပြည့်အဝ ကြီးထွားလာတဲ့အထိ စောင့်ပေးနေမှာလဲ။

ဒါကြောင့် အဆုံးမဲ့ကြယ်ကောင်းကင်ရဲ့ လက်ရှိအခြေအနေက အလွန်ဆိုးပါတယ်။

"ဘာပဲဖြစ်ဖဖြစ်၊ ကျွန်တော်တို့ အစွမ်းကုန်လုပ်ရမှာပဲ"
ချူးယွန်က ဂရုမစိုက်ဟန်နဲ့ ပြုံးလိုက်ပါတယ်။

ဒါပေမဲ့ တကယ်တမ်းမှာတော့ ဂရုမစိုက်ဘဲ မနေပါ။

သူ ရှုံးတာနဲ့ သူဂရုစိုက်တဲ့ အရာအားလုံး ပျောက်ကွယ်သွားလိမ့်မယ်။

"သတင်းပို့ပါတယ်"
ဒီအချိန်မှာပဲ အပြင်ကနေ ကျွမ်းကျင်သူတစ်ယောက်က ခပ်သုတ်သုတ်ဝင်လာခဲ့ပါတယ်။ သူက တန်းချုံကျန်းအရှေ့မှာ ဒူးတစ်ဖက်ထောက်ပြီး သတင်းပို့ခဲ့ပါတယ်။
"နတ်ဆိုးမျိုးနွယ် ချီတက်လာခဲ့ကြပါပြီ။ သူတို့ရဲ့ လက်ရှိ အမြန်နှုန်းနဲ့ ပစ်မှတ်မပြောင်းဘူးဆိုရင် အလွန်ဆုံး နာရီဝက်အတွင်း တိုင်ဂန်စစ်ကမ္ဘာကို ရောက်လာနိုင်ပါတယ်"

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၅ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၅Where stories live. Discover now