အပိုင်း ( 1788 ) ရေခဲပြင်အပျက်အယွင်း

108 11 0
                                    

အပိုင်း ( 1788 ) ရေခဲပြင်အပျက်အယွင်း။

"အိုး၊ အခု သူ ဘယ်လိုအခြေအနေ ရောက်နေပြီလဲ"
တန်းချုံကျန်း အနည်းငယ် အံ့သြသွားပါတယ်။ နှစ်များတစ်လျှောက်မှာ၊ သူက အခြေအနေကို ထိန်းချုပ်ဖို့ အလုပ်များနေပြီး ပြင်ပမိစ္ဆာတွေ၊  နတ်ဆိုးတွေနဲ့ အပြင်းအထန် တိုက်ခိုက်နေခဲ့ရပါတယ်။ ဒါကြောင့် ချူးယွန်ကို ဂရုစိုက်ဖို့တောင် အချိန်သိပ်မရှိခဲ့ပါဘူး။ ဒါကိုတွေးပြီး‌နောက် သူ့ကိုယ်သူ ရှက်သွားခဲ့ပါတယ်။

တန်းလီပြောတာ မှန်တယ်။

ချူးယွန်က အဆုံးမဲ့ကြယ်ကောင်းကင်ရဲ့ ကြယ်တစ်ပွင့်ဖြစ်ပြီး အနာဂတ်အတွက် မျှော်လင့်ချက်ပါ။

ဒီလို မျှော်လင့်ထားတာက လေးလံလွန်းပေမဲ့ သူ့ရဲ့ ပခုံးတွေပဲ ထမ်းပိုးနိုင်ပါလိမ့်မယ်။

"ကျူဝမ် နှစ်ဆယ့်ခုနစ်ခု၊ ဒီအရှိန်က အရမ်းမြန်ပါတယ်။ ငါတို့ ဒီက ကလေးတွေတောင်မှ ဒီလောက် ကြွယ်ဝတဲ့ အရင်းအမြစ်တွေ ရှိခဲ့ရင်တောင် သူ့လောက် မမြန်ဘူး။ အနာဂတ်အတွက် မျှော်လင့်ချက်ဆိုတဲ့ စကားလုံးက တကယ်ကို ထိုက်တန်ပါတယ်"
တန်းလီက အနည်းငယ် ပြုံးလိုက်တယ်။

သူဟာ ချူးယွန်အပေါ်မှာ အလွန် အကောင်းမြင်ထားတာကြောင့် အကောင်းဆုံး မြှုပ်နှံထားဖို့ မစောင့်နိုင်တော့ပါဘူး။

တန်းချုံကျန်းက ဒီနှစ်တွေထဲမှာ ချူးယွန်ကို လမ်းညွှန်မှု မပြုခဲ့ပေမဲ့ ချူးယွန်ကတော့ အရှိန်အဟုန်နဲ့ တိုးတက်နေဆဲပါပဲ။

‌ဒါကြောင့် သူ့ရဲ့နယ်ပယ်ကို ပထမဆုံး တိုးတက်ပြီး ကျုဝမ်ငါးဆယ်အဆင့်ကို မြန်မြန်ရောက်ပြီး လက်ရှိနယ်ပယ်ကိုပါ ကျော်လွန်သွားစေချင်ခဲ့ပါတယ်။

"ကျူဝမ် နှစ်ဆယ့်ခုနှစ်ခု"
တန်းချုံကျန်းလည်း ဒီအခိုက်မှာ အနည်းငယ် အံ့သြသွားမိပါပြီ။

ဒီကောင်လေးက ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန် လေ့ကျင့်နိုင်တာလဲ။

တန်းဇီရှမ်းနဲ့ တန်းဟွာရန်တို့လို ဘဝနှစ်ခု အတွေ့အကြုံ ရှိသူတွေတောင် ကျူဝမ်နှစ်ဆယ့်ငါးခုပဲ ကျန်တော့တာပါ။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၅ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၅Where stories live. Discover now